DVB Logo
Home
မြန်မာသတင်း
ဖခင်သီချင်းကို ပုံစံတမျိုး ပြန်သီဆိုခဲ့သည့် ပန်းရောင်ခြယ်၏ “ဘာကြောင့်” သီချင်း (ရုပ်သံ)
DVB
·
May 11, 2018
ဖခင်သီချင်းကို ပုံစံတမျိုး ပြန်သီဆိုခဲ့သည့် ပန်းရောင်ခြယ်၏ “ဘာကြောင့်” သီချင်း (ရုပ်သံ)
Donate to DVB

 

 

“နော်လည်း ချစ်တယ်… သူလည်း ချစ်တယ်… ဘာကြောင့်… ဘာကြောင့်… ဘာကြောင့်… ပြန်တွေ့ဖို့ကို… မျှော်လင့်ဖို့မလို… ဘာကြောင့်… ဘာကြောင့်… ဘာ ကြောင့်…”

ဒီသီချင်းလေးကို ကြားလိုက်တာနဲ့ အဆိုတော် ဂရေဟမ်ရဲ့ နာမည်ကြီး သီချင်းတပုဒ်မှန်း ပရိသတ်တွေက သိပြီးဖြစ်မှာပါ။

ဒီသီချင်းကို နာမည်ကြီး တေးရေးဆရာ စောဘွဲ့မှူးက ရေးစပ်ထားတာဖြစ်ပြီး ဂရေဟမ်နဲ့ မီးမီးခဲတို့က စုံတွဲသီဆိုခဲ့ကြဖူးပါတယ်။

လက်ရှိမှာတော့ ဂရေဟမ်ရဲ့ သမီးဖြစ်သူ အဆိုတော် ပန်းရောင်ခြယ်က ဒီသီချင်းကို  ပြန်လည်သီဆိုခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပါ။

“တောင်တန်းများရယ်… မြူနှင်းများရယ်… ဘာကြောင့်… ဘာကြောင့်… ဘာကြောင့်… လေပြင်းများရယ်… ငှက်ကလေးများရယ်… ဘာကြောင့်… ဘာကြောင့်… ဘာကြောင့်… ဘဝဒဏ် ရင်မဆိုင်ရဲလို့လား… တို့များမှာ မပြည့်စုံလို့လား…” စတဲ့ ချစ်စရာကောင်းတဲ့ သီချင်းစာသားတွေနဲ့ အချစ်သီချင်း ချိုချိုလေးဟာ ပန်းရောင်ခြယ်ရဲ့အသံနဲ့ လိုက်ဖက်နေပါတယ်။

ဒီသီချင်းကိုတော့ မန်းသီရိတေးသံသွင်းရဲ့ နှစ် ၄၀ ပြည့် အမှတ်တရ စီစဉ်တဲ့ ဂီတသင်္ကေတ အမည်ရတဲ့ သီချင်းအယ်လ်ဘမ်ထဲမှာ တခြားအဆိုတော်တွေ အများကြီးနဲ့ ပါဝင်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အဆိုတော် ပန်းရောင်ခြယ်ဟာ ဖခင်နဲ့အတူတွဲဖက်ပြီး Wake Up Daddy အမည်ရတဲ့ သီချင်းအယ်လ်ဘမ်ကို ၂၀၁၅ ခုနှစ်ကတည်းက ထွက်ရှိထားခဲ့တာ ဖြစ်ပြီး တခြားသီဆိုဖျော်ဖြေမှုတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှာ ဒီသီချင်းကို ပြန်လည်မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သောင်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013