DVB Logo
Home
မြန်မာသတင်း
ထောင်မှလွတ်မြောက်ပြီး သမီးဖြစ်သူအား ထပ်မံအဓမ္မပြုကျင့်ခဲ့သည့် ဖခင်ကို ဖမ်းဆီး
DVB
·
May 11, 2018
ထောင်မှလွတ်မြောက်ပြီး သမီးဖြစ်သူအား ထပ်မံအဓမ္မပြုကျင့်ခဲ့သည့် ဖခင်ကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဝေဆွယ်ကျေးရွာမှာ သမီးအရင်းအား မုဒိမ်းမှု ကျူးလွန်ခဲ့တာကြောင့် ထောင်ကျခံခဲ့ရတဲ့ ဖခင်ဖြစ်သူဟာ ထောင်မှ လွတ်မြောက်ပြီးနောက် သမီးဖြစ်သူကို ထပ်မံကျူးလွန်ခဲ့တာကြောင့် ကသာမြို့မ ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

ကသာမြို့မ စခန်းမှူး ဒုရဲမှူးဉာဏ်ထွန်းက “သူက ၄ လပိုင်း၊ ၆ ရက်၊ ၂၀၁၈ က လွတ်ရက်စေ့ပြီးတော့ စဥ့်ကိုင် ဘီးလင်း ကျောက်ထုတ်လုပ်ရေး အကျဉ်းစခန်းကနေ လွတ်လာတာ။ ရွာပြန်ရောက်လာတော့ သူ့အမျိုးသမီးနဲ့ ပြန်နေတယ်။ နှစ်ရက် သုံးရက်လောက် နေပြီးတော့ သူ့အမျိုးသမီးကို တရားစွဲမယ်၊ ဘာညာ လုပ်တော့ သူ့အမျိုးသမီးက ထွက်ပြေးတယ်။ အဲဒီမှာ အိမ်မှာ သူ့သမီး နှစ်ယောက် ကျန်ခဲ့တယ်။ အဲဒီမှာတင် သူ့သမီးအကြီးမကို အဓမ္မကြံစည်တာပေါ့” လို့ ပြောပါတယ်။

သမီးရင်းအား အဓမ္မပြုကျင့်မှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရတဲ့ အသက် ၄၀ ကျော်အရွယ် ဦးတင်ထွန်းဟာ ပြီးခဲ့တဲ့ ဧပြီလက နိုင်ငံတော်သမ္မတ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူလို့ သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်ဘူးလို့ ဒုရဲမှူးဉာဏ်ထွန်းက ပြောပါတယ်။

“သူက ထောင်ဒဏ် အနှစ် ၂၀ ကျတာပေါ့ဗျာ။ အရင်တုန်းကတည်းက လွတ်ငြိမ်းခွင့် လျော့ရက်တွေနဲ့ နှစ်ပြည့်ပြီး ထွက်လာတယ်။ နောက်ဆုံး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါတာ မဟုတ်ဘူး။”

အခုတကြိမ် အဓမ္မပြုကျင့်မှုကို သမီးဖြစ်သူက တရားလိုပြုပြီး ကသာမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် ကသာမြို့ရဲတပ်ဖွဲ့က ဦးတင်ထွန်းကို မေ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး အမှုကို ကသာမြို့မ စခန်းမှူးကိုယ်တိုင် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013