DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမည်
DVB
·
May 10, 2018
အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းမည်
Donate to DVB

 

လာမယ့် ဇွန်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဒုတိယအကြိမ်ညီလာခံမှာ ပါတီဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ ညီလာခံကိုယ်စားလှယ် ရွေးချယ်မှုကို သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ် တာဝန်ခံတွေက ဦးဆောင်ရွေးချယ်နေပြီး  လာမယ့်ညီလာခံမှာတော့ ပါတီဗဟိုကော်မတီဝင်တွေ ကိုရော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုပါ တိုးချဲ့ဖွဲ့စည်းမယ်လို့ ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပြီး   လက်ရှိ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦး ရှိပါတယ်။

ဒါပေမယ့် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေဟာ အသက်အရွယ်ကြီးနေသူတွေ အများစုဖြစ်တာကြောင့် လူငယ်တွေကို နေရာပေးဖို့ လိုတယ်လို့လည်း ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။

အသက် ၇၀ ကျော်အရွယ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အစိုးရအဖွဲ့ကနေ နုတ်ထွက်ပြီး ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လုပ်ဆောင်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသူတွေကြားမှာ ထင်ကြေးပေးတာတွေ လည်းရှိနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ပါတီညီလာခံကိုတော့ အစိုးရ တာဝန်မယူခင်  ၂၀၁၃ ခုနှစ်က ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013