DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲနိုင်ချင်ရင် အရည်အချင်းရှိလူငယ်များ ရွေးချယ်ရန်လိုဟု ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြော
DVB
·
May 10, 2018
၂၀၂၀ ရွေးကောက်ပွဲနိုင်ချင်ရင် အရည်အချင်းရှိလူငယ်များ ရွေးချယ်ရန်လိုဟု ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြော
Donate to DVB

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရချင်ရင် အရည်အချင်းရှိတဲ့ လူငယ်တွေကို ရွေးချယ်ဖို့ လိုတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

မေလ ၁၀ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှာပြုလုပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲမှာ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ  ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်က ပြောတာပါ။

“နိုင်ငံကို အရည်အချင်းနဲ့ အတွေ့အကြုံရှိသူတွေ ဦးဆောင်မှတိုးတက်မှာဖြစ်တယ်၊ လက်ရှိနိုင်ငံမှာ အဘက်ဘက်ကနိမ့်ကျနေတယ်။ နောင်အနာဂတ်မှာ လူငယ်တွေကို တာဝန်လွှဲပေးနိုင်ဖို့ လူငယ်ညီလာခံ ပြုလုပ်တာ ဖြစ်ပေမယ့် လူငယ်တွေကို ပြုစုပျိုးထောင်တာဟာ ရွေးကောက်ပွဲအောင်နိုင်ရေး တခုထဲအတွက် မဟုတ်ဘဲ နိုင်ငံကို ဦးဆောင်တဲ့ အချိန်မှာ အရည်အချင်းရှိတဲ့လူငယ်တွေကို တာဝန်ပေးနိုင်ဖို့ အတွက်ဖြစ်တယ်”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့ရတာဟာ  လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခြေခံပဲဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဟောင်းလည်းဖြစ်တဲ့ ဦးဝေလွင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013