DVB Logo
Home
မြန်မာသတင်း
အုတ်တွင်းမြို့နယ်၌ သံဃာ ၂ ပါး ခိုက်ရန်ဖြစ်ပွားပြီး ၁ ပါး ပျံလွန်တော်မူ
DVB
·
May 10, 2018
အုတ်တွင်းမြို့နယ်၌ သံဃာ ၂ ပါး ခိုက်ရန်ဖြစ်ပွားပြီး ၁ ပါး ပျံလွန်တော်မူ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၊ အောင်နန်းတောင် တောရကျောင်းမှာ မေလ ၉ ရက် ည ၁၀ နာရီလောက်က သင်္ဃာ နှစ်ပါး စကားများ ရန်ဖြစ်ရာက တပါး ဓားနဲ့ထိုးခံရပြီး ပျံလွန်တော်မူသွားတယ်လို့ အုတ်တွင်းရဲစခန်းကသိရပါတယ်။

အောင်နန်းတောင်တောရကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဝါတော် ၆ ဝါရှိ ဥူးသုဇာတ (ခ) စိန်ဝင်းဟာ အရက်မူးပြီး ကျောင်းတွင်းရှိ သံဃာတွေကို ဆဲဆိုနေတဲ့အတွက် တိုက်အုပ် ဆရာတော်ဥူးကုသလ (ခ) သန်းဇော်က သွားရောက်တားဆီးရာ စကားများရန်ဖြစ်ပြီး အသင့်ပါ လာတဲ့ တုတ်နဲ့ရိုက် ဓားနဲ့ထိုးခဲ့တာကြောင့် ဥူးသုဇာတ (ခ) စိန်ဝင်းဟာ အခင်းဖြစ်နေရာမှာတင် ပျံလွန်ခဲ့တာပါ။

အုတ်တွင်းမြို့မရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက “ညက ဖြစ်သွားတာပါ။ သေသွားတဲ့ ဘုန်းကြီးက အရက်မူးသောင်းကျန်းနေလို့ တိုက်အုပ်ဆရာတော်က သွားတားတာပါ။ သွားတဲ့ ဆရာတော်ကို ဂွနဲ့ရိုက်မယ်လုပ်လို့ အသင့်ပါလာတဲ့ တုတ်နဲ့ရိုက်ပြီး ဓားနဲ့ ထိုးလိုက်တာကြောင့် အရက်မူးနေတဲ့ ဘုန်းကြီးကနေရာမှာပဲ သေသွားတာပါ။ ပြစ်မှုကျူးလွန်တာကြောင့် ကျောင်းထိုင် ဆရာတော်က သိက္ခာချလူဝတ်လဲ ပေးတယ်။ အခုဖမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါ တယ်” လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥူးကုသလ (ခ) သန်းဇော်ကို အုတ်တွင်းမြို့မ ရဲတပ်ဖွဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်လှစ်ပြီး စစ်ဆေးနေပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013