DVB Logo
Home
မြန်မာသတင်း
အဆိုတော်အစ္စဏီကို ရုံးထုတ်စစ်ဆေး
DVB
·
May 10, 2018
အဆိုတော်အစ္စဏီကို ရုံးထုတ်စစ်ဆေး
Donate to DVB

 

မော်ဒယ်စူးရှထက်ကို အဓမ္မပြုကျင့်နှိပ်စက်မှုတွေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ အဆိုတော် အစ္စဏီကို  ဒီနေ့ မနက် ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

အဓမ္မပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ ပုဒ်မ ၃ ခုနဲ့ အဆိုတော်ဟန်ထွန်းဇော်(ခ)အစ္စဏီကို  မော်ဒယ်စူးရှထက်ကိုယ်တိုင် တရားလို ပြုလုပ်ပြီး တာမွေရဲစခန်းမှာ ဧပြီလ ၁၂ ရက်ကတည်းက အမှုဖွင့်တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

ဧပြီ ၁၂ရက်က  မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ   ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်ကို တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲသတင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013