DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များ၌ လေဘေးဒဏ်ခံစားနေရ
DVB
·
May 10, 2018
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များ၌ လေဘေးဒဏ်ခံစားနေရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တော်တော်များများမှာ မေ ၉ ရက် ညနေက မိုးသက် လေပြင်းကြောင့် သာသနိက အဆောက်အအုံတွေ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပျက်စီးပြီး သစ်ပင်တွေ၊ ဓာတ်မီးတိုင်တွေလည်း လဲကျပျက်စီးသွားပါတယ်။

ကနီ၊ မင်းကင်း၊ ဖောင်းပြင်၊ စစ်ကိုင်း၊ အင်းတော်၊ ဗန်းမောက်၊ မုံရွာ၊ ကောလင်း၊ ကျွန်းလှမြို့နယ်တွေမှာ လေဘေးဒဏ်ခံစားခဲ့ရတာဖြစ်ပါတယ်။

ကနီမြို့နယ် ကင်းအုပ်စုမှာ နေအိမ် ၈၈ လုံး၊ နွားစာတိုက် ၅ လုံး၊ ကျန်းမာရေးဌာနခွဲ ၁ ခု၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ အမိုးလန်တယ်။ ဘုရားတဆူ ပိန္နဲတိုင် ပြုတ်ကျပြီး ကဲဒေါင်ကျေးရွာမှာ နေအိမ် ၁ လုံး အမိုးလန်ခဲ့သလို ယင်းကျေးရွာမှ လူနေအိမ် ၁၊ အုပ်ချုပ်ရေးမှူးရုံး အမိုးလန်ခဲ့တယ်။ ကုန်းသာ အထကခွဲ ကျောင်းဆောင် မျက်နှာကြက် ပြိုကျခဲ့တဲ့အပြင်  ကမ်းနားရပ်ထားတဲ့ မော်တော် ၃ စီးလည်း ရေမြုပ်သွားတယ်လို့ ကနီမြို့နယ် လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို စာရင်းကောက်ယူနေဆဲဖြစ်ပြီး အသေးစိတ်တော့ မသိရှိရသေးပါဘူး။ လယ်/ဆည်ဝန်ကြီး၊ တိုင်း မီးသတ်၊ တိုင်းဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိသူတွေ လေဘေးဒဏ် အများဆုံးခံစားခဲ့ရတဲ့ ကင်းကျေးရွာကို ဒီမနက်မှာ သွားရောက်ကြည့်ရှုစစ်ဆေးနေပါတယ်။

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှု ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမာပင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဟုမ္မလင်း၊ တန့်ဆည်၊ ကနီ စတဲ့မြို့နယ်တွေမှာ အများဆုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းတွင် ကျပ်သိန်းပေါင်း ၈၀၀ ကျော် ထောက်ပံ့ခဲ့ရပါတယ်။

လေပြင်းကြောင့် အိမ်ထောင်စု ၁၉၇၂ စု လေဘေးသင့်ခဲ့ပြီး၊ တပိုင်းတစ ပျက်စီးတဲ့နေအိမ် ၁၈၉၁ အိမ်ရှိခဲ့ကာ ၇၂ အိမ်ကတော့ လုံးဝပျက်စီးခဲ့ပါတယ်။ ဘုန်းကြီးကျောင်း အပါအဝင် ဘာသာရေးအဆောက်အဦ ၃၂ ခုလည်း လေဘေးသင့်ခဲ့ပါတယ်။

ယင်းမာပင် တမြို့နယ်တည်းမှာ အိမ်ခြေ ၅၆၀ လေဘေးသင့်ခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးနဲ့ ငွေကြေးထောက်ပံ့မှု စုစုပေါင်း ကျပ်သိန်း ၂၄၀ နီးပါး ထောက်ပံ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကြီးတွေ လဲပြိုကျတဲ့အတွက် ဟုမ္မလင်းမြို့နယ်မှာ လူ ၂ ဦး သေဆုံးခဲ့သလို စစ်ကိုင်းမြို့နယ်မှာလည်း ၁ ဦး သေဆုံးခဲ့ပါတယ်။ ကျွန်းလှမြို့နယ်မှာတော့ မိုးကြိုးပစ်လို့ လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013