DVB Logo
Home
မြန်မာသတင်း
ပျားရည်ဆွမ်းလောင်းလှူရန် ကျွန်းစုမြို့နယ်၌ ပျားမွေးမြူသူများလာ
DVB
·
May 10, 2018
ပျားရည်ဆွမ်းလောင်းလှူရန် ကျွန်းစုမြို့နယ်၌ ပျားမွေးမြူသူများလာ
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာတချို့မှာ ဒေသခံတွေဟာ တပိုင်တနိုင် ပျားမွေးမြူသူတွေ ပိုမိုများပြားလာပါတယ်။

ကျွန်းစုမြို့နယ်မှာ နှစ်စဉ် ကဆုန်လပြည့်နေ့မှာ ဓလေ့တခုဖြစ်တဲ့ ပျားရည်ဆွမ်း လောင်းလှူပွဲကို အမှီပြုပြီး အရင်က တောတောင်တွေထဲမှ ပျားရည်ကို ထုတ်ယူရာမှ  ဒေသခံတွေက ကျေးရွာတွေရှိ ဥယျာဉ်ခြံထဲမှာ အလွယ်တကူ ထုတ်ယူနိုင်ဖို့နဲ့ တဆင့် ပြန်လည်ရောင်းချဖို့အထိ ရည်ရွယ်ကာ တပိုင်တနိုင် မွေးမြူလာကြတာပါ။

ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာနေ ဦးထွန်းကျော်က “အရင်တုန်းက ကျွန်းစုမှာ ပျားရည်တွေ ရဖို့အတွက် သဘာဝဖြစ်တဲ့ ပျားရည်ကို တောတောင်တွေထဲမှာ သွားရှာရပါတယ်၊ အခုဆိုင်ရင် ရှာရတာ သိပ်မလွယ်တော့ပါဘူး၊ ဒီအတွက်ကြောင့် အလွယ်တကူ ရနိုင်ဖို့ ရွာခံတွေ ဥယျာဉ်ခြံတွေမှာ ကိုယ်တိုင် မွေးမြူလာတာ”လို့ ပြောပါတယ်။

ကျွန်းစုမြို့နယ်ရှိ ကျေးရွာတွေမှာ ဒေသခံတွေက တပိုင်တနိုင် ပျားမွေးမြူသူ လက်ရှိမှာ ရာနဲ့ချီ ရှိလာနေပါတယ်။

ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာနေ ဒေါ်တင်တင်ရီက “ကျမတို့ရွာမှာက အခုဆိုရင် ပျားရည်ကို ရဖို့အတွက် မွေးမြူသူတွေ များလာပါတယ်။ အများစုကတော့ စီးပွားအဖြစ် မွေးမြူသူတွေ မဟုတ်ကြပါဘူး။ အထူးသဖြစ် ဆွမ်းလောင်းဖို့အတွက် မွေးမြူကြတာပါ။ ပိုလျှံတဲ့ ပျားရည်ကိုပဲ ထုတ်ရောင်းကြတာ ဖြစ်တယ်။ သီးခြားစီးပွားအဖြစ် မွေးမြူသူတွေ သိပ်မရှိသေးဘူး” လို့ ရှင်းပြပါတယ်။

ကျွန်းစုမြို့နယ် ဒေသထွက် ပျားရည် ၁ လီတာ တပုလင်းကို ၆၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013