DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးပြီး ပြန်ခိုးဝင်လာသည့် ဘင်္ဂါလီများကို လဝက ဥပဒေဖြင့်အရေးယူမည်
DVB
·
May 10, 2018
ထွက်ပြေးပြီး ပြန်ခိုးဝင်လာသည့် ဘင်္ဂါလီများကို လဝက ဥပဒေဖြင့်အရေးယူမည်
Donate to DVB

 

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားပြီး တရားမဝင်လမ်းကြောင်းကနေ ပြန်လည်ခိုးဝင်လာသူတွေဟာ လဝက အက်ဥပဒေအတိုင်း အရေးခံရမယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကပြောပါတယ်။

ပြန်လက်ခံရေးစခန်းနှစ်ခုဖြစ်တဲ့ ငါးခူရ ရေလမ်းကြောင်း လက်ခံရေးစခန်းနဲ့ တောင်ပြိုလက်ဝဲ ကုန်းလမ်းကြောင်း လက်ခံရေးစခန်းတို့ကနေ ပြန်လည်ဝင်ရောက်လာတာ မဟုတ်ဘဲ တရားမဝင်လမ်းကြောင်းကနေပြီး မကြာသေးခင်က ခိုးဝင်သူတွေတချို့ရှိခဲ့တယ်လို့ မောင်တောခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွန်းကပြောပါတယ်။

“တောင်ပြိုနဲ့ ငါးခူရမှာ ဝင်တဲ့ပုံစံအတိုင်းပြန်ဝင်ရမှာ။ ဟိုတလောကပဲ တောင်ပြို တက်ချောင်းနားလေးမှာ သုံးယောက်ဖမ်းမိတယ်။ ဒါကတော့ လဝက ဥပဒေအတိုင်း အရေးယူခံရမှာပဲ။  ထွက်ခွာသွားတယ်ဆိုကတည်းက တရားမဝင် ထွက်ခွာသွားတာ။ ပြန်ဝင်လာရင်တော့ ဒီကိုဝင်နိုင်တော့မှာမဟုတ်ဘူး။ ဒီလိုမျိုးသီးခြားဝင်လာရင်တော့ လက်ခံမှာမဟုတ်ဘူး။ ဒါတော့ လဝကအက်ဥပဒေအတိုင်းအရေးယူခံရမှာပဲ။ ဝင်ချင်တယ်ဆိုရင် UEHRD လမ်းစဉ် အတိုင်းစစ်ဆေးခံရမှာ” လို့ ပြောပါတယ်။

ဒါ့အပြင် တဖက်နိုင်ငံ ထွက်ပြေးသွားသူတွေကို ပြန်လက်ခံဖို့ အဆင့်သင့်ဖြစ်နေပြီး အထောက်အထားအပြည့်အစုံပါရင် အချိန်မရွေး ပြန်လည်ခံသွားမယ်၊ နှစ်နိုင်ငံ နယ်စပ် တချို့နေရာတွေမှာ လုံခြုံရေးအရ စိုးမိုးဖို့ အခက်အခဲရှိတဲ့ လစ်လပ်တဲ့နေရာတွေ ရှိတဲ့အတွက် လုံခြုံရေးအဖွဲ့တွေ တတ်နိုင်သလောက် လုပ်ဆောင်နေတယ်လို့  လည်း မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးကပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် နေရပ်မစွန့်ခွာဘဲ ကျေးရွာတွေမှာ ဆက်လက် ကျန်နေခဲ့တဲ့ ဘင်္ဂါလီတွေကို စာရင်းအတိကျ ကောက်ယူထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အရင်ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားဝင်ပြန်ဝင်လာတဲ့  မိသားစုဝင် ၅ ဦးကို NVC ကတ်တွေ ထုတ်ပေးခဲ့ပြီး တရားဝင်လမ်းကြောင်းကနေ ထပ်မံဝင်လာမယ့်သူတွေကို  စောင့်ဆိုင်းနေတယ်လို့ တောင်ပြိုလက်ဝဲ လဝကပြန်လည်လက်ခံရေးစခန်းက ဒုညွန်ကြားရေးမှူး အောင်ဝင်းဦးကပြောပါတယ်။

တရားမ၀င် ခိုးဝင်လာသူတွေကိုတော့  လဝက အက်ဥပဒေ ပုဒ်မ ၃ (၁) ၁၃ (၁) တို့နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013