DVB Logo
Home
မြန်မာသတင်း
အောင်လောဒ့်ရွာက စစ်ပြေးဒုက္ခသည်များ၏ဒုက္ခ - မေးမြန်းချက်
DVB
·
May 9, 2018
အောင်လောဒ့်ရွာက စစ်ပြေးဒုက္ခသည်များ၏ဒုက္ခ - မေးမြန်းချက်
Donate to DVB

 

မြန်မာတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တို့အကြား တိုက်ပွဲဖြစ်ပွားလို့ တောတွင်းထွက်ပြေးတိမ်းရှောင်နေရတဲ့ အောင်လောဒ့်ကျေးရွာသား ၂၀၀၀ ကျော်ထဲက ၁၁၈ ဦး မေလ ၈ ရက်က  မြစ်ကြီးနားမြို့ကို ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့ဧပြီလဆန်းကတည်းက တလနီးပါးကြာ တောတွင်းထွက်ပြေးတိမ်းရှောင်နေကြပြီး ခက်ခက်ခဲခဲနဲ့ မြစ်ကြီးနားမြို့ကို ထွက်ပြေးရောက်ရှိလာခဲ့တာပါ။ ထွက်ပြေးတိမ်းရှောင်လာတဲ့ အောင်လော့ဒ်ကျေးရွာ နှစ်ခြင်းအသင်းတော်က ဆရာမဆိုင်းဂျာကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး- ဆရာမတို့ အောင်လော့ဒ်ကျေးရွာကနေ မြစ်ကြီးနားကို အခက်အခဲကြားက ဘယ်လိုလာခဲ့ရသလဲ၊ လမ်းမှာ ဘယ်လောက်ကြာခဲ့သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ။ “ကျမတို့ ဧပြီလ ၁၁ ရက်နေ့ကတည်းက ရွာမှာ လက်နက်ကြီးကျတဲ့နေ့ကတည်းက ညနေ ၅ နာရီမှာ ရွာသူရွာသားတွေအားလုံး ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ အဲဒီမှာ တရက်နှစ်ရက်နေပြီးမှ ရိက္ခာတွေပြတ်တော့ လက်နက်ကြီးသံတိတ်သွားရင် ရွာထဲပြန်ဝင်ရဲတဲ့သူတွေက ဆန်တွေ၊ အ၀တ်အစားတွေ အိုခွက်ပန်ကန်တွေ ပြန်ယူပြီးမှ အဲဒါနဲ့ပဲ မျှပြီး စားသုံးနေကြတာပေါ့နော်။”

“အဲဒီမှာ တရက်နှစ်ရက်နေပြီးမှ ရေအခက်အခဲကြောင့်မို့လို့ ကျမတို့ ရေရှိတဲ့ချောင်းဘက်မှာ ရွေ့လိုက်တယ်။ အဲမှာ နှစ်ရက်ပြန်နေတယ်။ ပြီးတော့ ကျမတို့ တောင်တခု အပေါ်မှာတခုမှာ တက်နေတယ်။ လက်နက်ကြီးသံမကြားရတဲ့အထိ အဲမှာနေတယ်။ အဲဒီကနေ ချောင်းကြီးရှိတဲ့နေရာဘက်ကို ကျမတို့ ပြန်ရွှေ့တယ်။ အဲဒီနေရာမှာလည်း နှစ်ညအိပ်သုံးရက်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ လေဖြတ်တဲ့လူတွေ၊ လမ်းမလျှောက်နိုင်တဲ့သူတွေ အဲဒီမှာ ပဲနေနေရတယ်။ ညမှာဆိုလို့ရှိရင် ကျမတို့သွားတဲ့လမ်းမှာ သူတို့က မမီဘူးဆိုရင် သူတို့ကို တောထဲမှာ တယောက်၊ နှစ်ယောက် အဲလို ထားခဲ့ရတဲ့ အခြေအနေမျိုးတွေရှိတယ်။”

မေး- ထွက်ပြေးတုန်းက ရွာသားတွေအားလုံးပေါင်း ဘယ်နှစ်ယောက်လောက်ရှိခဲ့လဲ။

ဖြေ။  “ထွက်ပြေးတာ အားလုံး ၂၀၀၀ ကျော်တယ်။ မြစ်ကြီးနားကို ကျမနဲ့အတူပါခဲ့တာက ၁၁၈ ဦးပါ။ ကျမတို့က တောတောင်တွေကို ကျော်ပြီးတော့မှ ရေချောင်းတွေကိုကျော်ပြီးတော့မှ တလ ပြည့်ဖို့ ၃ ရက်အလိုမှာ ဒီမနေ့က ရောက်တယ်။”

မေး- စစ်ဘေးရှောင်တွေအနေနဲ့ တောထဲမှာ ဘယ်လို အခက်အခဲတွေကြုံခဲ့ရသလဲ။

ဖြေ။ “တောထဲမှာမိုးရွာလို့ ကျမတို့က ပလပ်စတစ်အဖြူတွေနဲ့ ကျမတို့နေနေရတော့ မိုးရွာ လေတိုက်ရင် အားလုံးစိုရွဲပြီးမှ ဒီလိုပဲနေနေရတယ်။ ကလေးတွေ သက်ကြီးရွယ်အိုတွေက အဲလိုပဲဒုက္ခရောက်ကြတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013