DVB Logo
Home
မြန်မာသတင်း
ကချင်တိုက်ပွဲကြား ပိတ်မိနေသည့်ပြည်သူ ၁၇၀ ကျော် မြစ်ကြီးနားမြို့ ရောက်ရှိ
DVB
·
May 9, 2018
ကချင်တိုက်ပွဲကြား ပိတ်မိနေသည့်ပြည်သူ ၁၇၀ ကျော် မြစ်ကြီးနားမြို့ ရောက်ရှိ
Donate to DVB

 

ကချင်ပြည်နယ် တနိုင်းဒေသမှာ တပ်မတော် KIA ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းလာတဲ့ အောင်လော့ရွာက ပြည်သူ ၁၇၀ ကျော်ဟာ မေလ ၈ ရက်နေ့ ၉ ရက်နေ့တွေမှာ မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာက ဂျော်မဆက် ဘုရားကြောင်းကို ရောက်ရှိလာပါတယ်။

အဲဒီအထဲမှာ ကလေးတွေ အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကိုယ်ဝန်ဆောင်သယ်တွေ ပါဝင်ပြီး တောထဲမှာ တလဝန်းကျင်လောက်နေထိုင်ပြီးမှ အခုလိုရောက်ရှိလာကြတာပါ။ ဂျော်မဆက် ဘုရားကျောင်းကိုရောက်လာတဲ့ သူတွေ့ရဲ့ပြောပြချက်အရတော့ တောထဲမှာ ပိတ်မိနေတဲ့ပြည်သူ တစ်ထောင်ကျော် လောက်ရှိနေသေးတယ်လို့ ပြောပါတယ်။

အောင်လော့ရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဆိုင်းဂျာ က “ဘယ်သူ့ကိုမှ အားကိုးလို့ မရပါလား။ တကယ်လို့များ လူသားတယောက်အနေနဲ့လွတ်လပ်ခွင့်ဆိုတဲ့အရာကို ဘာမှ ကျမတို့ဘက်က မကယ်နိုင်ပါလား ခံစားမိတယ် စိတ်အားငယ်မိတယ်။ တောထဲမှာကျန်တဲ့ ကိုယ်ဝန်ဆောင်သယ် တွေ မိခင်တွေဆိုရင်  ၂ ယောက်လောက်တောထဲမှာ ကလေးမွေးပြီး ကျမတို့ချန်ထားခဲ့ရတယ် ချန်ထားခဲ့ရလို့ ကျမတို့စိတ်မှာလည်း မပျော်ရွှင်ဘူး။ ညဆိုလည်း မအိပ်ရဘူး။ တောထဲမှာနေတဲ့ရက်တွေမှာဆို မိုးရွာရင်လည်း ပလက်စတစ် အကြည်နဲ့ပဲ မိုးနေတာဆိုတော့ လေမုန်တိုင်းလာတဲ့အခါမှာ အဲဒါတွေက လှန်သွားတော့ ကလေးတွေရော အဝတ်စားတွေစိုပြီးနေခဲ့ကြရတယ်” လို့ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဧပြီလ ၁၁ ရက်နေ့ကတည်းက ထွက်ပြေးလာကြတာဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့သူတွေ သက်ကြီးရွယ်အိုတွေ အခုချိန်ထိ တောထဲမှာပိတ်မိနေတုန်းပဲလို့ နောင်နန်းရွာကို ရောက်လာတဲ့သူ တွေကပြောပါတယ်။ အောင်လော့ရွာမှာအိမ်ထောင်စု၃၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်လောက်ရှိတယ်လို့ ပြောပါတယ်။

“ဟိုပြေးဒီပြေးနဲ့ မိသားစုကွဲတာတွေလည်း ရှိသေးတယ်။ မျက်မမြင်တွေရော လမ်းမလျှောက်နိုင်တဲ့ သက်ကြီရွယ်အိုတွေရော ကျန်ခဲ့သေးတယ်။ သူတို့တွေ တယောက်နဲ့တယောက် အာဏာလုတာတို့ ဘာတို့က အကြောင်းမဟုတ်ဘူး ကြားထဲကနေ ကျမတို့ပြည်သူလူထုတွေ ဒုက္ခရောက်တာပဲရှိတယ်။ ဘယ်အစိုးရတက်တက်  ကျမတို့ ပြည်သူလူထုကလုပ်စားရမှာက လုပ်စားရမှာပဲ”လို့ ဂျော်မဆတ်ဘုရားကျောင်းကိုရောက်လာတဲ့ ဆိုင်းနွယ် က ပြောပါတယ်။

ဂျော်မဆက်ဘုရားကျောင်းအနေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ သူတွေကို ဒါပထမဆုံးအကြိမ် စောင့်ရှောက်ထားတာဖြစ်ပြီး ဒီဘုရားကျောင်းမှာ ၂ လဝန်းကျင်လောက်ကထိ စောင့်ရှောက်ထားမယ်လို့ အဲဒီ ဘုရားကျောင်းရဲ့ အတွင်းရေးမှူးက ပြောပါတယ်။

ဂျော်မဆက်ဘုရားကျောင်းအတွင်းရေးမှူး ဇော်ရတ် က “ကျနော်တို့ ဒီကျောင်းမှာတော့ ယာယီပဲ  တခြားနေရာမှာ KBC ကနေ နေဖို့အတွက် လုပ်ဖို့ အကုန်လုံးရှိပါတယ်။ လူကြီးတွေလာပြောတယ်။ ဒီမှာတော့ တစ်လ နှစ်လလောက်ပဲခန့်မှန်းထားပါတယ်။ ဟိုမှာနေစရာတွေဆောက်ပြီးရင် ဒီကနေပြန်ရွှေ့မယ်”လို့ ပြောပါတယ်။

အစိုးရရဲ့ ဦးဆောင်မှုနဲ့ ဖားကန့်မြို့နယ် ကာမိုင်းမြို့ မံဝယ်ကျေးရွာက ပိတ်မိပြည်သူ ၁၅၀ကျော်ကို မေ ၆ရက်နဲ့ ၇ရက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013