DVB Logo
Home
မြန်မာသတင်း
သီပေါတွင် ရွာသားတဦး သေနတ်ပစ်ခံရ
DVB
·
May 9, 2018
သီပေါတွင် ရွာသားတဦး သေနတ်ပစ်ခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ မနေ့ညက တောင်ယာ လုပ်ကိုင်တဲ့ ရွာသားတဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရသွားတယ်လို့ သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ပြောပါတယ်။

သီပေါမြို့နဲ့ ၇ မိုင်အကွာ ကုန်းသာရွာမှာ ဒဏ်ရာရ လူနာတဦး ကယ်ဆယ်ဖို့ ဒီမနက် ၉ နာရီက တယ်လီဖုန်းနဲ့ အကြောင်းကြားလို့ ချက်ချင်းလိုက်သွားရာမှာ ဒဏ်ရာရသူမှာ အသက် ၃၀ အရွယ် စိုင်းကျော်မိုး ဆိုသူ သေနတ်ပစ်ခံရတာလို့ သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့  ဥက္ကဋ္ဌ ဦးမျိုးက ဒီဗွီဘီကို ပြောပါတယ်။

“လူနာအိမ်ရောက်သွားလို့ မေးကြည့်တော့မှ ကာယကံရှင်က မနေ့ညက သူအပစ်ခံရတယ်လို့ ပြောပါတယ်။ မနေ့ညက သူ့အိမ်ပေါ်ကို ကျောက်ခဲကျလို့  သူက ထွက်ကြည့်တဲ့အချိန် အဲမှာပစ်သွားတာပေါ့။ ဘယ်သူ ပစ်လဲဆိုတာ သူတို့လဲမသိဘူးတဲ့။ ရန်ငြိုးရန်စလည်း မရှိဘူးပြောတယ်။ ဒဏ်ရာက ညာဘက်ခြေ သလုံးနဲ့ ဒူးဆစ်ကြား တစ်ချက်ထိသွားတယ်၊ ဘယ်ဘက်ခြေထောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေပေါ့။”

ဒဏ်ရာရသူကို ကယ်ဆယ်ရေးသမားတွေက ထမ်းပြီး သီပေါဆေးရုံကို ပို့ပေးလိုက်ပြီး အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိတော့ပါဘူးလို့သိရပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့ အခင်းဖြစ်ရာနေအိမ်ကို ရဲနဲ့စစ်တပ်က လာရောက် စစ်ဆေးသွားခဲ့ပြီး နောက်ဆက်တွဲအမှု အခြေအနေနဲ့ ပတ်သက်လို့ သီပေါမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

မေလ ၈ ရက်ကလည်း သီပေါမြို့နယ်၊ ရပူကြံခင်းရွာအနီး ပြည်ထောင်စုလမ်းမပေါ်မှာ  နွားတင်ဆောင်တဲ့ ၁၂ ဘီးကားတစီး ပစ်ခတ်ခံရလို့ ယာဉ်မောင်းသေဆုံးသွားပြီး  ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013