DVB Logo
Home
မြန်မာသတင်း
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရန် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ
DVB
·
May 9, 2018
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာစေရန် ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုမိုဝင်ရောက်စေဖို့အတွက် ရည်ရွယ်ပြီး Yangon Investment Forum 2018 ကို ဒီကနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့  ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းပြီး ဖိုရမ်ကျင်းပတာ ဖြစ်ပါတယ်။

ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်တဲ့  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်ကို အာဆီယံဒေသတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ခေါင်းဆောင်ဖြစ်အောင် လုပ်ဆောင်မယ်လို့ ပြောကြားသွားပါတယ်။

ရန်ကုန်မှာ လုပ်ကိုင်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို နိုင်ငံတကာ လုပ်ငန်းရှင်တွေအတွက် ထုတ်ဖော်ရှင်းလင်းတာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် နိုင်ငံတကာလုပ်ငန်းရှင်တွေကို တိုက်ရိုက်ဖြေကြားပေးမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စက်မှုဇုန်သစ် ၁၁ ခုနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတို့ကို စတင် အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုပမာဏ အမေရိကန် ဒေါ်လာ ၃၂၂၁သန်းနဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်ဘီလီယံ(၈၅၁)သန်းရှိကြောင်း ရန်ကုန်တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မနေ့က  လွှတ်တော်မှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013