DVB Logo
Home
Lead Story
မြန်မာလုံချည် ဝတ်ပြီး ရွှေတိဂုံဘုရားသွားဖူးမည့် လိဒ်စ်ယူနိုက်တက် အသင်းသားများ (ဓာတ်ပုံ)
DVB
·
May 9, 2018
မြန်မာလုံချည် ဝတ်ပြီး ရွှေတိဂုံဘုရားသွားဖူးမည့် လိဒ်စ်ယူနိုက်တက် အသင်းသားများ (ဓာတ်ပုံ)
1 / 11
Donate to DVB

မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးဘောလုံးခြေစမ်းပွဲ ကစားဖို့ ရောက်ရှိနေကြတဲ့ အင်္ဂလန် လိဒ်စ်ယူနိုက်တက် အသင်းသားတွေဟာ မြန်မာဆန်ဆန် လုံချည်တွေ ဝတ်ဆင်ကာ ဒီကနေ့မနက်က ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

လုံချည် ဝတ်ဆင်ထားကြတဲ့ လိဒ်စ်အသင်းသားတွေရဲ့ ဓာတ်ပုံတွေကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘွတ်ကတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နာရီပိုင်းအတွင်းမှာတင် ဒီပုံတွေကို ကြိုက်နှစ်သက်သူ ၂ သောင်း ၁ ထောင်ကျော် ရှိနေခဲ့ပြီး ပြန်လည်မျှဝေမှုတွေလည်း ရှိနေခဲ့တာပါ။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီကနေ့ညနေ ရန်ကုန်မှာ  MNL All Stars အသင်းနဲ့ ကစားပြီးနောက် မေ ၁၁ ရက်မှာတော့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ မန္တလေးမြို့မှာ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်း မြန်မာနိုင်ငံမှာ ဘောလုံးပွဲ ခြေစမ်းကစားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂလန်ရှိ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။   

Photo : MFFMYANMAR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013