DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပညာရေးအတွက် အီးယူက ယူရိုငွေ ၂၂၁သန်း ထောက်ပံ့ရန်သဘောတူ
DVB
·
May 9, 2018
မြန်မာ့ပညာရေးအတွက် အီးယူက ယူရိုငွေ ၂၂၁သန်း ထောက်ပံ့ရန်သဘောတူ
Donate to DVB

 

မြန်မာနိုင်ငံမှာ အရည်အသွေး မီပညာရေး တိုးချဲ့နိုင်ဖို့ ယူရို ၂၂၁ သန်း(မြန်မာငွေကျပ် ၃၅၆ ဘီလီယံ) ထောက်ပံ့ပေးဖို့  ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက သဘောတူလိုက်ပါတယ်။

မနေ့ ညနေက နေပြည်တော်မှာ ကျင်းပတဲ့ ဥရောပနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး ခရစ္စတင်းရှမစ်ဒ်က  ပြောဆိုလိုက်တာ လို့ အစိုးရပြန်ကြားရေးသတင်းမှာဖော်ပြပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အရည်အသွေးမီပညာရေး တိုးချဲ့နိုင်ဖို့ ယူရို ၂၂၁ သန်း ထောက်ပံ့ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက သဘောတူခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီး ထောက်ပံ့ ငွေတွေကို ပညာရေးဝန်ကြီးဌာနသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမယ်လို့ ဥရောပသမဂ္ဂ သံအမတ်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးရလဒ်တွေ သိသိသာသာ တိုးတက်ကောင်းမွန်လာစေရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်နဲ့ မိမိတို့ ရည်မှန်းချက် တူညီတာကို ပြတာဖြစ်တယ်၊ မြန်မာပြည်ရဲ့ ဒီမိုကရေစီအနာဂတ်အတွက် ပညာရေးဟာ အကောင်းဆုံးအလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့လည်း သံအမတ်ကပြောပါတယ်။

ဥရောပနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို  မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးကျော်တင်၊ ဒုဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ သံအမတ်ကြီးတွေတက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013