Homeမွနျမာသတငျးကျော်ရဲအောင်၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာနှင့် အိန္ဒြာကျော်ဇင်တို့ပါဝင်သည့် ၀ုန်းပစ်လိုက်မယ် ဟာသရုပ်ရှင် (နမူနာ)
ကျော်ရဲအောင်၊ ကျော်ကျော်ဗို၊ စိုးမြတ်သူဇာနှင့် အိန္ဒြာကျော်ဇင်တို့ပါဝင်သည့် ၀ုန်းပစ်လိုက်မယ် ဟာသရုပ်ရှင် (နမူနာ)
နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားခဲ့တဲ့ ၀ုန်းပစ်လိုက်မယ်အမည်ရတဲ့ မြန်မာဟာသရုပ်ရှင်ကားကို မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
လပ်ကီးဆဲဗန်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ နေခြည်အောင်သစ်က ဇာတ်ညွှန်းခွဲခဲ့တာဖြစ်ပြီး ဒါရိုက်တာ ခင်စောမျိုးက နာမည်ကြီး သရုပ်ဆောင်တွေအများကြီးနဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ပါဝင်တဲ့ သရုပ်ဆောင် မင်းသားတွေကတော့ ကျော်ရဲအောင်၊ ကျော်ကျော်ဗို၊ မိုးအောင်ရင်နဲ့ ရဲလေးတို့ ဖြစ်ကြပြီး မင်းသမီးတွေကတော့ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်နဲ့ ဘေဘီမောင်တို့က အတူတွဲဖက် ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အိမ်တွင်းရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ယောက္ခမတွေနဲ့ ချွေးမ တွေကြားဗျာများကြတဲ့ သားတွေနဲ့ ယောက္ခမအိမ်တက်ချွေးမတွေအကြောင်း ဟာသနှော ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ကား ဖြစ်ပါတယ်။
ဒီကားကိုတော့ လာမယ့် မေလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။