DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် လူထုချီတက်ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
DVB
·
May 9, 2018
ငြိမ်းချမ်းရေးအတွက် လူထုချီတက်ဆန္ဒပြပွဲ ရန်ကုန်တွင် ပြုလုပ်မည်
Donate to DVB

ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်အဖွဲ့တွေနဲ့ အရပ်ဘက် အဖွဲ့အစည်း​တွေ ပူးပေါင်းပြီး "ငြိမ်းချမ်းရေးအတွက်လူထုလှုပ်ရှားမှု" ခေါင်းစဉ်နဲ့ ငြိမ်းချမ်းရေး ချီတက်ပွဲကို  ​မေလ ၁၂ ရက်​​နေ့မှာ ပြုလုပ်​သွားဖို့ ရှိပါတယ်​။

အဲဒီလူထုလှုပ်​ရှားမှုကို မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီက စတင်ပြီး တာမွေမြို့နယ် Ocean Center အရှေ့က​နေ ဆူးလေအထိ စုဝေးချီတက် ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်​ပါတယ်​​။

ဒီလှုပ်​ရှားမှုကို တောင်းဆိုချက်​ ၄ ချက်​နဲ့ ပြုလုပ်​မှာဖြစ်​ပြီး ‘စစ်ပွဲများ ချက်ချင်းရပ်၊ စစ်ပွဲများ ချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေး အဖြေရှာပေး၊ စစ်ဘေးသင့် ပြည်သူများကို လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ရရှိရေးနှင့် အကာအကွယ်ပေးရေး၊ ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများကို ချက်ချင်းလွှတ်’ စတဲ့ တောင်းဆိုချက်​တွေနဲ့ ငြိမ်းချမ်းစွာ စုဝေးချီတက် ဆန္ဒထုတ်ဖော်ကြမယ်​လို့  ဦး​ဆောင်​သူ​တွေဆီက သိရပါတယ်​။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ပတ်​သတ်​ပြီး အကြောင်းကြားစာကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေကို တင်ပြသွားမယ်​လို့လည်း သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013