DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမည်
DVB
·
May 9, 2018
ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမည်
Donate to DVB

လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက် စနေနေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာအတွက် ရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့ ကော်မရှင်ရဲ့ မေလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေကတော့ ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံမြို့နယ်တို့ဖြစ်ကြပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကတော့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂  မြစ်ကြီးနား ဖြစ်ပါတယ်။

လစ်လပ် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေကတော့ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူးမဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်းမဲဆန္ဒနယ် အမှတ် ၁၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ၂ နဲ့ မန္တလေးတိုင်းတခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013