DVB Logo
Home
မြန်မာသတင်း
ပိတ်မိနေသည့်ကချင်ပြည်သူများ လွတ်မြောက်ရေးဆန္ဒပြသူ ၃ ဦး အဖမ်းခံရ
DVB
·
May 8, 2018
ပိတ်မိနေသည့်ကချင်ပြည်သူများ လွတ်မြောက်ရေးဆန္ဒပြသူ ၃ ဦး အဖမ်းခံရ
Donate to DVB

 

မန္တလေးမြို့ မေလ ၆ ရက်နေ့ ညနေပိုင်းက ကချင်ပြည်နယ်စစ်ပွဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒပြပွဲမှာ ပါဝင်သူ ၃ ဦးကို ဒီနေ့ ​ည​နေ ၄ နာရီ​ကျော်​မှာ ဖမ်းဆီးလိုက်ပါတယ်။

လှုပ်ရှားမှုမှာ ပါဝင်သူ​ဖြစ်​တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုစိုးမိုးအောင် (ခ) ဒိန်းဒေါင်နဲ့ ကဗျာဆရာတဦးဖြစ်သူ ကလင်း(မန္တလေး)တို့ကို မေ ၇ ရက်နေ့က အမှတ်(၈)မြို့မရဲစခန်းမှာ ငြိမ်းစုစီဥပဒေပုဒ်မ (၁၉)(ပ)၂၄၅/၂၀၁၈ နဲ့ အမှတ်​ ၈ မြို့်​မရဲစခန်းက အမှုဖွင့်အ​ရေးယူခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ ကို​အောင်​မှိုင်းဆန်းက “အခုဖမ်းဆီးတာဟာ ဥပ​ဒေနဲ့မညီညွတ်​ဘဲ လူစည်ကားရာ​ နေရာဖြစ်​တဲ့ လ္ဘက်​ရည်​ဆိုင်မှာ ဖမ်းဆီးတာဟာ လုပ်​ထုံးလုပ်​နည်းနဲ့ မညီညွတ်​ဘူး။ ရာဇဝတ်​​ကောင်​​တွေ ဖမ်းသလိုဖမ်းခဲ့တယ်​။ တကယ့်ရာဇဝတ်​​ကောင်​​တွေ ဖမ်းတာ ဒီလို မမြန်​ဘူး။ ကျ​နော်တို့က​တော့ အာမခံတင်​သွားမှာလည်း မဟုတ်​ဘူး”လို့ ​ပြောပါတယ်​။

မေလ ၆ ရက်နေ့ ညနေပိုင်းက ပိတ်မိနေတဲ့ ကချင်ပြည်သူတွေ လွတ်မြောက်ရေး ဆန္ဒပြပွဲကို မန္တလေးမြို့မှ နိုင်ငံရေးအင်အားစုတွေ၊ ဗကသကျောင်းသားတွေ၊ ဗလသအဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဒေသခံ ပြည်သူတွေက "စစ်ရေး အကြမ်းဖက်မှု အလိုမရှိ၊ တိုင်းရင်းသားဒေသ ထိုးစစ်တွေရပ်၊ စစ်မက်ဒေသပိတ်မိ ပြည်သူများ လွှတ်ပေးရေး၊ STOP WAR၊ စာသားများပါ ပိုစတာတွေ ကိုင်ဆောင်ပြီး မန္တလေးမြို့ဈေးချို ၈၄လမ်းမှ စတင်ပြီး ဘုရားကြီး၊ လမ်း ၈၀ ပေါ်နဲ့ မန္တလေး မြို့တွင်း လှည့်လည်ခဲ့ကြပြီး ၂၆လမ်း မန္တလေးမြို့တော်  ခန်းမရှေ့မှာ လက်ကမ်းစာဆောင်တွေ ဝေငှကာ "တိုက်ပွဲတွေကြား ပိတ်မိခံပြည်သူတွေ ဘေးကင်းလုံခြုံသော နေရာများသို့ လွတ်မြောက်ရေး" ခေါင်းစဉ်ဖြင့် ကဗျာဆရာ'ကလင်း'ကလည်း ကဗျာရွတ်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013