
မန္တလေးရတနာပုံခေတ် မြို့တော်ဝန်ဦးပေစိ တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားစေတီ မုခ်ဦးဟာ နှစ်ပေါင်းများစွာ လေဒဏ်မိုးဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့ပြီး ဒီနှစ်မှာ ပြန်လည်ပြုပြင်ခဲ့ ပါတယ်။
မြို့တော်ဝန်ဦးပေစိ တည်ထားခဲ့တဲ့ဘုရား ရှေးဟောင်းသမိုင်းဝင် နှစ်ပေါင်း ၁၃၆ နှစ် အထိမ်းအမှတ်ဖြစ် မုခ်ဦးဖွင့်ပွဲနှင့် သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်လှူပွဲ နိဗ္ဗာန်ဈေးပွဲကို မေလ(၇)ရက်နေ့က မန္တလေးမြို့မှာ ကျင်းပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်၊ ဘုရားဂေါပကအဖွဲ့နဲ့ အလှူရှင်များ တက်ရောက်ခဲ့ကြပါတယ်။
မြို့တော်ဝန်ဦးပေစိဘုရား နှစ်ပေါင်း ၁၃၆ နှစ်ပြည့် အထိမ်းအမှတ် မြို့မတူရိယာအသင်း ညပိုင်းမှာ အဆိုတော် မနောနဲ့ တေးသံရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။










