DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးတံခွန်မြို့နယ်တွင် သားအမိ ၂ ဦးအား သတ်ဖြတ်မီးရှို့ခဲ့သည့် တရားခံအား သေဒဏ်ချ
DVB
·
May 8, 2018
ပြည်ကြီးတံခွန်မြို့နယ်တွင် သားအမိ ၂ ဦးအား သတ်ဖြတ်မီးရှို့ခဲ့သည့် တရားခံအား သေဒဏ်ချ
Donate to DVB

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်မှာ သားအမိ ၂ ဦးကို ၂၀၁၇ ခု ဇန်နဝါရီလ ၁၉ ရက်နေ့က ခုတ်ထစ်မီးရှို့တဲ့အမှုနဲ့ပတ်သက်ပြီး တရားခံ ခိုင်ဝေကို မေလ ၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က အပြီးသတ်အမိန့်ချခဲ့ပါတယ်။

မန္တလေးခရိုင်တရားရုံးမှာ ဒုခရိုင်တရားသူကြီး ဒေါ်တင့်တင့်ဌေး ခုံအမှတ် (၇) က ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ဂ နဲ့ သေဒဏ်၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ၁၀ နှစ်တို့ကို သီးခြားကျခံစေရန်အမိန့်ချခဲ့တာပါ။

တရားခံခိုင်ဝေ အနေနဲ့ အယူခံဝင်နိုင်ပြီး အယူခံပြင်ဆင်ချိန် ၇ ရက်ပေးခဲ့ပါတယ်။ တရားလိုပြသက်သေ ၁၄ ဦးကို စစ်ဆေးခဲ့ပြီး တရားခံဘက်က တရားခံနဲ့ တရားခံပြ သက်သေ တဦးကို စစ်ဆေးခဲ့ပါတယ်။

ရုံးချိန်းပေါင်း ၅၅ ချိန်းရှိခဲ့ပြီး ၁ နှစ်နဲ့ ၃ လ အကြာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ ကိုတင်ထွန်းဝင်းက “သေဆုံးသူတွေကို ပြန်လည်ရရှိနိုင်ခြင်းမရှိပေမယ့် တရားခံ ကျူးလွန်တာနဲ့ ကိုက်ညီမှုရှိတဲ့ ပြစ်ဒဏ်ကို ချမှတ်တာကြောင့် ကျေနပ်မှုရှိတယ်”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013