DVB Logo
Home
မြန်မာသတင်း
ပျဉ်းမနားတွင်  ဘာသာပေါင်းစုံ တွေ့ဆုံပွဲကျင်းပ
DVB
·
May 8, 2018
ပျဉ်းမနားတွင်  ဘာသာပေါင်းစုံ တွေ့ဆုံပွဲကျင်းပ
Donate to DVB

 

ဘာသာပေါင်းစုံတွေ့ဆုံပွဲကို နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ ဂျာမေဗလီမှာ ဒီကနေ့ မတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ ဂျက်ဆန်သုတေသနဌာန က ဘာသာပေါင်းစုံ လူငယ်တွေ အစ္စလမ်ဘာသာအကြောင်း လေ့လာရေးခရီးလာရောက်တာမှာ အခုလို တခြားဘာသာတွေပါ ပေါင်းပြီး တွေ့ဆုံပွဲ ပြုလုပ်တာဖြစ်ပါတယ်။

“ဘာသာတရားအကြောင်း တခုနဲ့တခု ထဲထဲဝင်ဝင်သိအောင်၊ အပေါ်ယံပဲကြည့်ပြီး သံသယစိတ်နဲ့ ပြောဆို နေတာထက် တွေ့ထိမှုရှိမှ တယောက်ရဲ့ တရားသဘောကိုသိမယ်၊ နားမည်မယ်၊ အဲလို နားလည်ပြီး တယောက်နဲ့တယောက် ပိုပြီးတော့ နားလည်ချစ်ခင်မှုရမယ်။ ဘုရားကျောင်းကန်တွေကို လေ့လာတာထက် အောက်ခြေမှာဖြစ်နေတဲ့ပြဿနာတွေ ဘာကြောင့်လဲ သိအောင်၊ ပြီးတော့ သိသွားပြီဆို ဒါကို ဘယ်လို ပြန်ပြီး ငြိမ်းချမ်းအောင်၊ တယောက်နဲ့တယောက် သင့်တင့်အောင် ဘယ်လိုပြန်လုပ်မယ်ဆိုတဲ့ အပိုင်းကို လေ့လာဖို့ အတွက် လာခဲ့တာပါ ”လို့ ဂျက်ဆန် သုတေသနဌာနက ကိုဇာရှောက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကို ပျဉ်းမနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မြို့နယ် အလုပ် အမှုဆောင်တွေပါ တက်ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဘာသာပေါင်းစုံတွေ့ဆုံပွဲ လုပ်တာဖြစ်ပြီး လက်တလောပါတီကြီးတခုက ရခိုင်ပြည်နယ် နေရပ်စွန့်ခွာပြန်လာသူတွေကို နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား(NVC) ထုတ်ပေးမှာနဲ့ပတ်သက်ပြီး ကန့်ကွက်နေတာတွေနဲ့ မသက်ဆိုင်ဘူးလို့ မြို့နယ်အလုပ်အမှုဆောင် တဦးက ဆိုပါတယ်။

ဘာသာတခုနဲ့တခု ကိုယ်ကွယ်ယုံကြည်တဲ့ အကြောင်းအရာတွေမှာ အားလုံး ပွင့်လင်းမြင်သာဖြစ်အောင် အ ခုလို ပေါင်းစပ်တွေ့ဆုံတာဖြစ်တယ်လို့ ပွဲကိုတက်ရောက်လာတဲ့ အစ္စလမ်ဘာသာဝင်တစ်ဦးက ပြောပါတယ်။

“ဒီလိုဘာသာပေါင်းစုံ တွေ့ဆုံပွဲလုပ်လိုက်တဲ့အတွက် တယောက်နဲ့တယောက် အထင်အလွဲအမြင်လွဲနေတာတွေ သိသွားမယ်။ အထင်လွဲအမြင်လွဲတာတွေ လျော့သွား မယ်ဆို နိုင်ငံမှာ အားလုံးက အေးအေးဆေးဆေး နဲ့ ငြိမ်းချမ်းစွာနဲ့ ယှဉ်တွဲနေထိုင်လို့လည်း ရမယ်၊ အခုလို သိမြင်သွားတဲ့သူတွေက ပြန်လည်မျှဝေလိုက်မယ်ဆို ရင် တခြား မမြင်ရဘဲနဲ့ အထင်လွဲနေတဲ့ ကိစ္စတွေ ပပျောက်သွားမယ်လို့ ယူဆပါတယ်” လို့ အစ္စလမ်ဘာသာဝင် ဦးအောင်ခိုင်က ဆိုပါတယ်။

တွေ့ဆုံပွဲကို ဗုဒ္ဓသာသာ ဆရာတော်တွေ၊ ဂျက်ဆန်သုတေသနာဌာနက တိုင်းဒေသကြီး၊ ပြည်နယ်အစုံက ဘာ သာပေါင်းစုံက လူငယ်တွေ၊ အစ္စလမ်သာဘာဝင်တွေ၊ ဟိန္ဒိုသာဘာဝင်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013