DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင် မြိုင်မြို့နယ်က ကျေးရွာတချို့ ရေရှားပါးနေ
DVB
·
May 8, 2018
ပခုက္ကူခရိုင် မြိုင်မြို့နယ်က ကျေးရွာတချို့ ရေရှားပါးနေ
Donate to DVB

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်က ကျေးရွာတချို့မှာ ရေရှားပါးမှုနဲ့ ကြုံနေရပါတယ်။

မိုးရွာတဲ့အခါ မိုးရေကို သုံးရပြီး မိုးမရွာလို့ ရေဝယ်ရမယ်ဆိုရင် အနီးဆုံး ၂ မိုင်ဝေးတဲ့ ကျေးရွာကို သွားရောက်ရေခပ်ရသလို ဝယ်ယူသုံးမယ်ဆိုရင် အနည်းဆုံး ရေ ၁၂ ပုန်းပါ သုံးဘီးတစ်စီးကို ကျပ်၆၀၀၀၊ ပီပါ ၃၀ ခန့်ပါ ရေကားတစ်စီးကို ကျပ်၂၀၀၀၀ ထိ ပေးဝယ်နေရပါတယ်။

မြိုင်မြို့နယ် ကျော်ကျေးရွာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဦးစိန်မောင်က “နှစ်မိုင်လောက်ကွာတဲ့ ဆင်ဆွယ်ကို ရေသွားဝယ်ရပါတယ်။ သွားဝယ်တဲ့ အခါ သုံးဘီးတစ်စီးကို ကျပ် ၅၀၀၀ ပေးရတယ်။ ခြောက်ဘီးတစ်စီးကို ကျပ် ၂၀၀၀၀ သောင်းပေးရတယ်။ ပေပါနဲ့ဆိုရင်တော့ ၃၀ ကျော်လောက်ပါမှာပေါ့။”

အရင်နှစ်တွေကတော့ ရွာမှာရှိတဲ့ မြေသားသောက်ရေကန်ကို အားထားအသုံးပြုနေ ကြတာပါ။ ပြီးခဲ့တဲ့ မိုးရာသီမှာ ကန်ထဲရေဝင်နည်းခဲ့တာကြောင့် ခုလိုရေရှားပါးမှုနဲ့ ကြုံရတာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

လက်ရှိအနေအထားအရ ရေတွင်းသေးသေးလေးကနေ ရေကိုခွဲတမ်းနဲ့ အသုံးပြုနေရသလို တချို့လည်း ကန်ထဲမှာရှိနေတဲ့ ရေအကျန်ကို စုဆောင်း ခပ်ယူ အသုံးပြုနေကြပါတယ်။

မြိုင်မြို့နယ် ကျော်ကျေးရွာ ဒေသခံဦးတင်ထွေးက “ဒီနှစ်တော့မိုးကနည်းတဲ့အတွက် တနှစ်လုံး မိုးရေရတာ။ ဒီကန်နဲ့ လေးပေလောက်ပဲရပါတယ်။ အမြင့်ပေတက်လာတာ။ ကျနော်တို့ လေးပေ တက်လာတာနဲ့ လူဦးရေ ၂၅၀၀ ကျော်သောက်လိုက်တဲ့အချိန်မှာ လုံးဝလုံလောက်မှု မရှိပါဘူး။ အဲဒါမို့ကြောင့် ခုမြင်တဲ့အတိုင်း လက်ယက်တွင်းလေးတွေ မြောင်းလေတွေသွယ်ပြီး သုံးနေရပါတယ်။”

သက်ဆိုင်ရာမြိုင်မြို့နယ် ကျေးလက်ဦးစီးဌာနကို မေးကြည့်တော့ စက်ရေတွင်းတူးပေးနိုင်ဖို့ မြေအောက်ရေ အခြေအနေကို တိုင်းတာထားဆဲဖြစ်ပြီး လက်ရှိသောက်သုံးနိုင်ဖို့ သောက်ရေကို ကားနဲ့ ပို့ပေးတာမျိုးစီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

သတင်း - မြင့်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013