DVB Logo
Home
မြန်မာသတင်း
တရားရုံးများကိုရောက်လာသည့် အမှုအရေအတွက် ယခင်ကထက်ပိုများလာ
DVB
·
May 8, 2018
တရားရုံးများကိုရောက်လာသည့် အမှုအရေအတွက် ယခင်ကထက်ပိုများလာ
Donate to DVB


မြန်မာနိုင်ငံတွင်း တရားရုံးအဆင့်ဆင့်ကိုရောက်လာတဲ့ အမှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင် ပိုများလာခဲ့ပြီး အမှုပြီးပြတ်နှုန်းကတော့ လျော့လာတာကိုတွေ့ရတယ်လို့  ၂၀၁၇ ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ်တရားရုံးတွေနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ စွဲဆိုတဲ့ အမှုတွေဟာ ပြီးခဲ့တဲ့ နှစ်တွေထက် သိသိသာသာ ပိုများလာသလို  တရားရုံးအဆင့်တိုင်းမှာ ရောက်လာတဲ့ အမှုတွေဟာ တရားသူကြီးတယောက်ချင်းစီရဲ့ စွမ်းဆောင်နိုင်မှု ပမာဏထက် ပိုများနေတယ်လို့ လည်းသိရပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ၂၀၁၅ ခုနှစ်က ရာဇဝတ်၊ တရားမမှုနဲ့ စာချွန်လွှာ အမှုပေါင်း ၃၉၈၉ မှုရောက်လာပြီး ၂၀၁၇ ခုနှစ်မှာတော့ ၄၃၄၄မှု ရောက်လာပါတယ်။ တိုင်းနဲ့ ပြည်နယ်တရားရုံး တွေကိုတော့ ၂၀၁၅ ခုနှစ်မှာ ၁၁၀၆၇ မှုရောက်လာပြီး ၂၀၁၇ ခုနှစ်မှာတော့ အရင်ကထက် ၁၁ ရာခိုင်နှုန်းတိုးပြီး  ၁၂၂၄၂ မှု ရောက်ပါတယ်။

ရာဇဝတ်မှုခင်းအများဆုံးစွဲဆိုတာက မန္တလေးတိုင်းဖြစ်ပြီး တရားမမှု အများဆုံး စွဲဆိုတာ ကတော့ ရန်ကုန်တိုင်း ဖြစ်ပါတယ်။ ရာဇဝတ်မှု အများဆုံး ပြီးပြတ်ခဲ့တာက ပဲခူးတိုင်းဖြစ်ပြီး တရားမမှု အများဆုံး ပြီးပြတ်တာကတော့ ချင်းပြည်နယ်ဖြစ်ပါတယ်။

ခရိုင်တရားရုံးတွေထဲမှာ အမှုအများဆုံးရောက်လာတာကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး အများဆုံး လည်း ပြီးပြတ်ခဲ့တာကို တွေ့ရပါတယ်။
မြို့နယ်တရားရုံးတွေမှာ နေ့ချင်းပြီး ဆုံးဖြတ်လိုက်တဲ့ အမှုတွေဟာ အရင်နှစ်တွေထက် ပိုများလာခဲ့ပေမယ့် ၆ လကျော်ကနေ ၁၂ လကျော်အထိ ကြန့်ကြာနေတဲ့ အမှုတွေဟာလည်း ပိုတိုးလာခဲ့တာပါ။

ခရိုင်တရားရုံးတွေမှာ ၁၂ လအထက် ကြာမြင့်တဲ့ စစ်ဆေးဆဲ စစ်ဆေးဆဲရာဇဝတ်မှုဟာ မနှစ်ကထက် နှစ်ဆကျော်တိုးလာခဲ့ပြီး တရားမမှုလည်း တိုးလာပါတယ်။

မြို့နယ်တရားရုံးတခုမှာ တရားသူကြီးတယောက် လက်ခံစစ်ဆေးရတဲ့ အမှုဟာ ပျမ်းမျှ ၄၉၉ မှုဖြစ်ပါတယ်။ ခရိုင်တရားသူကြီး တယောက်ကတော့ ၁၅၃ မှု၊ တိုင်းနဲ့ ပြည်နယ် တရားသူကြီး တယောက်က ၂၁၅ မှုနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တရားသူကြီး တယောက်က တော့ ၄၃၄ မှု ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဒုတိယမြို့နယ်တရားသူကြီးပေါင်း ၁၅၆ ယောက်ကို အသစ် ထပ်ခန့်ခဲ့ပြီး ၂၀၁၇ ဒီဇင်ဘာလအထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ တရားရုံး အဆင့်ဆင့်မှာ တရားရေး အရာရှိနဲ့ တရားသူကြီးပေါင်း ၁၂၉၁ ယောက်နဲ့ ရုံးဝန်ထမ်းပေါင်း ၄၄၄၄ ယောက်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013