DVB Logo
Home
မြန်မာသတင်း
ဒုတိယတန်းသင်ရိုးသစ်  မူလတန်းပြ ဆရာ၊ ဆရာမ ၂ သိန်းကျော်ကို သင်ကြားပေးနေ
DVB
·
May 8, 2018
ဒုတိယတန်းသင်ရိုးသစ်  မူလတန်းပြ ဆရာ၊ ဆရာမ ၂ သိန်းကျော်ကို သင်ကြားပေးနေ
Donate to DVB

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ စတင်သင်ကြားတော့မယ့် အခြေခံပညာ ဒုတိယတန်းသင်ရိုးသစ်အတွက် ကျောင်းအုပ်စုအဆင့် သင်တန်းတွေကို မေ ၈ ရက်က စတင်ဖွင့်လှစ်သင်ကြားနေပါတယ်။

ဒုတိယတန်းသင်ရိုးသစ် သင်ကြားမှုကိုတော့ တနိုင်ငံလုံးမှာရှိတဲ့ မူလတန်းပြ ဆရာ၊ဆရာမ နှစ်သိန်းကျော်ကို သင်ကြားပေးတာဖြစ်ပြီး မေလ ၈ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ သင်တန်းပို့ချသွားမှာပါ။

ဒုတိယတန်းသင်ရိုးသစ်ကတော့ အရင်သင်ရိုးလို အလွတ်ကျမှတ်ရတဲ့စနစ် မဟုတ်ဘဲ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသင်ကြားမယ့် သင်ရိုးဖြစ်ပါတယ်။ သင်တန်း တက်ရောက်ကြတဲ့ ဆရာ၊ဆရာမတွေ သွားလာရအဆင်ပြေစေနိုင်ဖို့အတွက်ကိုလည်း တနေ့ကို ငွေကျပ် ၃၅၀၀ ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။

ဒုတိယတန်းသင်ရိုးညွှန်းတမ်း အပြောင်းအလဲအတွက် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင် အဆင့် သင်တန်းတွေကို ပို့ချခဲ့ပြီး အခုပို့ချတဲ့ ကျောင်းအုပ်စုအဆင့် သင်တန်းကတော့ သင်ရိုး အပြောင်းအလဲအတွက် နောက်ဆုံးပို့ချတဲ့သင်တန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013