DVB Logo
Home
မြန်မာသတင်း
ကရင်နီဒုက္ခသည် အ​ယောက်​ ၂၀ ပြည်​တွင်း ပြန်လာအခြေချ
DVB
·
May 8, 2018
ကရင်နီဒုက္ခသည် အ​ယောက်​ ၂၀ ပြည်​တွင်း ပြန်လာအခြေချ
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကရင်​နီအမှတ်​-၁ ဒုက္ခသည်​စခန်းက ဒုက္ခသည်​အ​ယောက်​ ၂၀ ဟာ ​ စားနပ်​ရိ​က္ခာအခက်​အခဲ​​တွေ​ကြောင့် ပြည်​တွင်းမှာ ပြန်​လည်​အ​ခြေချ​နေထိုင်​ဖို့အတွက်​ မေလ ၇ ရက်​​က နယ်​စပ်​အမှတ်​ ၁၃ လမ်းက ပြန်​လည်​ဝင်​​ရောက်​လာခဲ့ကြပါတယ်​။

ကရင်​နီအမှတ်​ ၁ ဒုက္ခသည်​စခန်းမှာ ပုံမှန်​​ထောက်​ပံ့​ပေး​နေတဲ့ စားနပ်​ရိက္ခာတွေကို ​လျှော့ချလိုက်​တာ​ကြောင့် စခန်းမှာ ဆက်​ပြီး​ နေထိုင်​ဖို့ ခက်​ခဲတဲ့အတွက်​ ပြန်​လာကြတာလို့ ကရင်​နီဒုက္ခသည်​စခန်းက ပြန်​လာတဲ့ ကို​စောထူး​ဝါးကပြောပါတယ်။

“ဟိုဘက်​မှာ အဆင်​မ​ပြေလို့၊ ဆန်​​တွေ လျှော့ချလို့ ပြန်​လာတာပါ။ ဟိုးအရင်​တုန်းက​တော့ ပြည့်စုံတယ်​၊ အခုက​တော့ တဖြည်းဖြည်း ​လျှော့ချလို့ ဒီဘက်​ပြန်​လာတာပါ။ အရင်​တုန်းက​တော့ ဆန် ​တပုံးပေးတယ်​၊ ပြန်​​လျှော့ချ​တော့ ကိုးကီလို၊ တပုံးမပြည့်ဘူး”

ခုလို ပြည်တွင်းပြန်​လာတဲ့ ဒုက္ခသည်​​တွေကို ကယားပြည်​နယ်​အစိုးရအဖွဲ့၊ အရပ်​ဘက်​အဖွဲ့​တွေနဲ့ အန်​ဂျီအိုအဖွဲ့​တွေက ထိုင်း-ကယားနယ်​စပ်​မှာ သွား​ရောက်​ ကြိုဆိုခဲ့ကြ ပါတယ်​။

ကယားပြည်​နယ်​အစိုးရအဖွဲ့က ပြန်​လာတဲ့ ဒုက္ခသည်​တ​ဦးစီကို တလစာအတွက်​ ဆန်​ ၁၂ ပြည်​၊ ဆီ ၁ ပိဿာ၊ ​ရေသန့်​ ၁ ကတ်​၊ ​ငွေ​ကြေးအချို့နဲ့ အိမ်​သုံးပစ္စည်း​တွေ ​ထောက်​ပံ့​ပေးထားပါတယ်​။

ပြည်​တွင်း ပြန်​လာကြတဲ့ ဒုက္ခသည်​​​တွေဟာ မိသားစုအလိုက်​ ပြန်​လာကြတာရှိပြီး က​လေးငယ်​​တွေ လည်း အများအပြား ပါဝင်​ပါတယ်​။

ကျောင်း​နေအရွယ်​ က​လေးငယ်​​တွေလည်း ပါဝင်​​နေတာ​ကြောင့် လွိုင်​​ကော်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​မိုးက “က​လေး​လေး​တွေ ​တော်​​တော်​များတယ်​။ အဲဒီက​လေး​တွေ အတွက်​လည်း ဟိုက​မွေးစာရင်းကို ဒီက လ.ဝ.က က တ​ခါတည်း အသိအမှတ်​ပြု​ပေးတာ​ပေါ့။ ​နောက် ​ဟိုက​​ကျောင်းအတန်းအစားအလိုက်​လည်း ပညာ​ရေးဌာနက လက်​ခံပြီး​တော့ နီးစပ်​ရာ​ကျောင်း​တွေကို လာမယ့် ​ကျောင်းဖွင့်ရာသီမှာ လက်​ခံ​ပေးဖို့​ပေါ့" လို့ ​ပြောပါတယ်

ဒါ့အပြင်​ ပြန်​လာတဲ့ ဒုက္ခသည်​​တွေကို တခြားလိုအပ်​တဲ့ နိုင်​ငံသားကတ်​နဲ့ အိမ်​​ထောင်​စုစာရင်း​တွေကို တခါတည်း ထုတ်​​ပေးဖို့ လုပ်​​ဆောင်​​နေတယ်​လို့ ဆိုပါတယ်​။

ခုလို ပြန်​လာတဲ့ ဒုက္ခသည်​​တွေထဲမှာ ကယားပြည်​နယ်​ မယ်​စဲ့မြို့နယ်​က ၄ ဦး၊ ဒီး​မော့ဆိုမြို့နယ်​က ၄ ဦးနဲ့ လွိုင်​​ကော်​မြို့နယ်​က ၁၂ ဦးဖြစ်​ပြီး ၂၀၁၈ ခုနှစ်​မှာ ပထမဆုံး အကြိမ်​အဖြစ်​ ကရင်​နီ ဒုက္ခသည်​​တွေ ပြည်​တွင်း ပြန်​လာကြတာ ဖြစ်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013