DVB Logo
Home
မြန်မာသတင်း
စစ်အမှတ်အသားပါ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးအရေးယူ
DVB
·
May 8, 2018
စစ်အမှတ်အသားပါ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးအရေးယူ
Donate to DVB

ကရင်ပြည်နယ်၊ မြိုင်ကြီးငူဒေသက စစ်အမှတ်အသားတွေနဲ့ လိုင်စင်မဲ့ယာဉ် မောင်းနှင် သုံးစွဲသူတွေကို ရန်ကုန်နဲ့ မန္တလေးမှာ  ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

မေလ ၆ ရက် ညနေ ၄ နာရီခွဲအချိန်က တပ်မတော်သားတွေနဲ့ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ မြေနီကုန်း ဒဂုံစင်တာ ၁ ရှေ့မှာ  ဦးစိန်မောင်မြင့်(ခ)ဦးစိန်ကုလား မောင်းနှင်လာတဲ့ တန/၁(ကြယ်) ××××(တ) Toyota High Lander အမျိုးအစား ကားကို စမ်းချောင်းမြို့မရဲစခန်းကို ခေါ်ယူ စစ်ဆေးရာမှာ ဗိုလ်မှူးအဆင့်တံဆိပ် တပ်ဆင်ထားတဲ့ နယ်ခြားစောင့် ဘက်တံဆိပ်ပါတဲ့ ယူနီဖောင်းတွေ၊ စစ်ဝတ်အဆင်တန်ဆာတွေနဲ့ နယ်ခြားစောင့်တပ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ စိစစ်ရေးကတ်တွေကို တွေ့ရှိရပါတယ်။

ဒါကြောင့် နယ်ခြားစောင့်တပ်ကို ဆက်သွယ်ရာမှာ သူဟာ ၂၀၁၈  ဧပြီလ ၇ ရက်နေ့က စပြီး အမှတ် ၁ တပ်နယ် မြိုင်ကြီးငူက ထုတ်ပယ်ထားသူဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

မောင်းနှင်နေတဲ့ ကားဟာလည်း လိုင်စင်မရှိတာကြောင့်  ဦးစိန်မောင်မြင့်(ခ) ဦးစိန်ကုလားကို စစ်ဝတ်တန်ဆာ၊ စစ်အမှတ်သားကိုင်ဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀၊ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့  အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ မေလ ၅ ရက်ညနေပိုင်းကလည်း တပ်မတော်သားတွေနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေဟာ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၂ လမ်း၊ ၇၃x၇၄ လမ်းကြားမှာ တပ်မတော်ယာဉ် အယောင်ဆောင် မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားတဲ့ သတင်းအရ သွားရောက်စိစစ်ရာမှာ တန/၁ ကြယ် ×××× (က) နံပါတ် တပ်ဆင်ထားတဲ့ Toyota High Lander အမျိုးအစား စစ်စိမ်းကားကို တွေ့ရပြီး ယာဉ်မောင်း ခင်ဇော်နဲ့ ညွန့်ဝင်းတို့ကိုလည်း တွေ့ရှိ မေးမြန်းခဲ့ပါတယ်။

သူတို့နဲ့အတူ အဲဒီကားနဲ့ ပတ်သက်တဲ့ အထောက်အထားတွေအဖြစ် အမှတ် ၁ တပ်နယ် နယ်ခြားစောင့်တပ် မြိုင်ကြီးငူအထူးဒေသ ကရင်ပြည်နယ် ဘက်တံဆိပ်တွေ၊ ဗိုလ်မှူး စောစိုးနိုင်နဲ့ ဗိုလ်မှူး စိန်မောင်မြင့်တို့ လက်မှတ်ရေးထိုးထားတဲ့ စာရွက်စာတမ်းတွေ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် သူတို့ကို အမှတ် ၁၆၁ တပ်ထိန်း(နန်းတွင်း)ကို ခေါ်ယူပြီး အသေးစိတ် စစ်ဆေးရာမှာ စစ်စိမ်းရောင်ကားဟာ လိုင်စင်မဲ့ကား ဖြစ်နိုင်ကြောင်းသိရလို့ မေလ ၆ ရက် ညမှာ လိမ်လည်မှု၊ အမှတ်အသားတံဆိပ် အတုပြုလုပ်မှု၊ စစ်အမှတ်အသား ကိုင်ဆောင်ပြီး အယောင်ဆောင်မှုတွေအတွက် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/၁၄၀ တွေနဲ့ ချမ်းအေးသာစံ မြို့မရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။

သူတို့နဲ့ အတူမိတဲ့ Toyota High Lander ကိုတော့ တရားဝင် မှတ်ပုံတင်ထားတာ ရှိ၊ မရှိ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013