DVB Logo
Home
မြန်မာသတင်း
စစ်ပွဲအလိုမရှိကြောင်းပြဇာတ် လူမှုကွန်ရက်၌ Live လွှင့်ခဲ့သူကို ထောင်ဒဏ် ၃ လချမှတ်
DVB
·
May 7, 2018
စစ်ပွဲအလိုမရှိကြောင်းပြဇာတ် လူမှုကွန်ရက်၌ Live လွှင့်ခဲ့သူကို ထောင်ဒဏ် ၃ လချမှတ်
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဟိုတယ်မှာ ကပြခဲ့တဲ့ စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်အား လူမှုကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို မေ ၇ ရက်နေ့ ရုံးချိန်းမှာ ပုသိမ်မြို့နယ်တရားရုံးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ ထောင်ဒဏ် ၃ လ ချမှတ် လိုက်ပါတယ်။

ပြဇာတ်ပါပြကွက်တချို့ဟာ တပ်မတော်မိသားစုဝင်တွေဖြစ်တဲ့ စစ်သားတွေနဲ့ သူတို့ရဲ့ ဇနီးမယားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးနိုင်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဦးထွန်းထွန်းဦးရဲ့ လူမှုကွန်ရက်ပေါ် Live လွှင့်မှုကလည်း လူအများပိုမိုကျယ်ပြန့်စွာ သိရှိအောင် ဖြန့်ဝေခဲ့တာ ထင်ရှားတာကြောင့် အခုလို ထောင်ဒဏ် ချမှတ်ခဲ့တာလို့ ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ပြောပါတယ်။

“ပြဇာတ်မှာသုံးတဲ့ စကားလုံးလေးတွေကျတော့ တပ်မတော်နဲ့ တပ်မတော်မိသားစုဝင် တွေဖြစ်တဲ့ စစ်သားတွေနဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေ အသရေပျက်စေတယ်လို့ စွပ်စွဲတာပေါ့။ စစ်ကြည့်တဲ့ အခါမှာလည်း အဲ့ဒီပြောဆိုချက်တွေ တကယ်ပြောဆိုခဲ့တယ်။ ကိုထွန်းထွန်းဦးက လည်း ဒါကိုသူရဲ့ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ လွှင်တင်ခဲ့တယ်။ ဒါကြောင့် သူ့မှာလည်း တာဝန်ရှိ တယ်လို့ ဆုံးဖြတ်ပြီး အခုလိုအမိန့်ချမှတ်ခဲ့တာပါ။ ပြဇာတ်ကတာက အဲ့ဒီအခန်းတွင်းက လူတွေပဲ သိနိုင်ပေမယ့် လူမှုကွန်ရက်တင်တာကြတော့ အများကြီးပျံ့နှံ့သွားတယ်။ ကောင်းတာလုပ်တာ မှန်ပေမယ့် တဖက်ကသူကိုလည်း မထိခိုက်စေရဘူးဆိုတဲ့ မက်ဆေ့ကိုပေးချင်တာလည်း ပါပါတယ်”လို့ ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ပြောပါတယ်။

ပြဇာတ်ကပြခဲ့တဲ့ ကျောင်းသား ၉ ဦးကိုလည်း အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးနိုင်ကပဲ အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့တာကို ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ပုသိမ်မြို့နယ်တရားရုံးကပဲ ဒဏ်ငွေ အသီးသီးချမှတ်ခဲ့ပါတယ်။

ဒီအမှုကို ပုသိမ်မြို့နယ် တရားရုံးက ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့က စတင်လက်ခံ စစ်ဆေးခဲ့တာဖြစ်ပြီး တရားရင်ဆိုင်ချိန် တစ်နှစ်နီးပါးအကြာမှာ အခုလို အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013