
လန်ဒန် အိုလံပစ် အားကစားပြိုင်ပွဲတွေ မကြာခင် စတင်ပါတော့မယ်။ လန်ဒန်မြို့ကြီးမှာ ကမ္ဘာအနှံ့က ခရီးသွား ဧည့်သည်တွေနဲ့ စည်ကားပြီး၊ ဒေါ်လာ ဘီလီယံများစွာ စီးဝင်လာမှာကြောင့် မြို့ခံ စီးပွားရေး လုပ်ငန်းတွေ ပွပေါက်တိုးဖို့ ရှိနေပါတယ်။ လန်ဒန်မှာ နိုင်ငံခြားခရီးသွားလုပ်ငန်း အလျင်အမြန်ကြီးထွား လာနေသလို၊ အဓိက လာမယ့်ဧည့်သည်တွေက လူကုံထံ တရုတ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနှစ် အိုလံပစ်ပွဲတော်မှာ တရုတ် တိုးရစ်တွေ တကမ္ဘာလုံးအတိုင်းအတာကျင်းပတဲ့ လန်ဒန်အိုလံပစ်ပွဲတော် ဆင်နွှဲဖို့ အသင့်ရှိနေတဲ့အကြောင်း ပေကျင်းမြို့မှ ‘လမ်းလီ’ (Lam Li) က သတင်းပေးပို့ထားပါတယ်။











