DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 7, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တတန်ကို ငွေကျပ် ၄၅၅,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် တတန်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ တတန်ကို ငွေကျပ် ၃၇၅,၅၀၀ ပေါက်ဈေးရှိနေပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ တပိဿာကို ၁,၁၃၀ ကျပ်ကနေ ငွေကျပ် ၂,၀၀၀ ပေါက်ဈေးရှိနေပြီး မနေ့ကထက်စာရင် တပိဿာကို ၁၀၀  ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ဒီနေ့မှာ တပိဿာကို ၁,၄၂၀ ကျပ်ကနေ ၁,၄၃၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက်စာရင် တပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

အာလူး(အောင်ပန်း၊ ဟဲဟိုး)
အာလူး(အောင်ပန်း၊ ဟဲဟိုး)က ဒီနေ့မှာ တပိဿာကို ၁၂၀ ကျပ်ကနေ ၆၅၀ ကျပ် ပေါက်ဈေးက တပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်
ငရုတ် (ပန်းတနော် အရှည်)ကတော့ ဒီနေ့မှာ တပိဿာကို ၂,၆၅၀ ကျပ်ကနေ ၂,၇၀၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၅၀ ကျပ် ဈေးကျသွားပါတယ်။

ကုလားပဲလုံးဖြူကြီး
ကုလားပဲလုံးဖြူကြီးက တပိဿာကို ၁,၀၆၅ ကျပ်ကနေ ၁,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မနေ့ကထက် တပိဿာကို ၂၀ ကျပ် ဈေးကျသွားပါတယ်။

ပြောင်းဆံ
ပြောင်းဆံက ဒီနေ့မှာ တပိဿာကို ၆၄၅ ကျပ်ကနေ ၆၇၀ ကျပ် ပေါက်ဈေးရှိနေပြီး တပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲကမှ နိုင်ငံခြားကို အဓိကတင်ပို့နေတဲ့ ပဲတွေဖြစ်တဲ့ မတ်ကဆိုရင် ပြီးခဲ့တဲ့အပတ် အခုလို တနင်္လာနေ့မှာ ငွေကျပ် ၄၁၂,၀၀၀ ဈေးရှိခဲ့ပြီး တပတ်အကြာမှာ ၄၃,၀၀၀ ကျပ် ဈေးတက်လာကို တွေ့ရပါတယ်။ ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်ထဲမှာ ၃၆၆,၀၀၀ ကျပ်နဲ့ အမြင့်ဆုံးဈေးရှိခဲ့ပြီး အခုအပတ်မှာတော့ ၉,၅၀၀ ကျပ် ဈေးပိုတက်လာခဲ့ပါတယ်။

ကြက်သွန်နီ၊ ကြက်သွန်ဖြူကတော့ ဈေးအပြောင်းအလဲမရှိ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013