DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ရှိ ဒုက္ခသည် ၉၀ ကျော်နေရပ်ပြန်
DVB
·
May 7, 2018
ထိုင်းနယ်စပ်ရှိ ဒုက္ခသည် ၉၀ ကျော်နေရပ်ပြန်
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၅ ခုမှာ နေထိုင်တဲ့ အိမ်ထောင်စု ၂၈ စု၊ လူဦးရေ ၉၃ ဦးတို့ ဒီနေ့ မေ ၇ ရက် မနက်မှာ နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်နဲ့ မြန်မာနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်လာပါတယ်။

အဆိုပါမိသားစုတွေဟာ မိမိဆန္ဒအလျောက် နေရပ်ပြန်လာကြတာဖြစ်ပြီး ထိုင်းနယ်စပ် မဲဆောက်ကနေ လူပေါင်း ၇၃ ဦးပြန်လည်ဝင်ရောက်ပြီး ထိုင်းနယ်စပ် မယ့်ဟောင်ဆောင်ခရိုင်က ထိုင်းကယားနယ်စပ် မယ်စဲ့မြို့နယ်က BP ၁၃ မှာ ၂၀ ဒီကနေ့ ပြန်ဝင်ရောက်ခဲ့ပါတယ်။

မဲဆောက်ကနေ မြ၀တီကို ပြန်လာတဲ့ ဒုက္ခသည်မိသားစုတွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် အစိုးရဌာန ဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်ကြို ဆိုခဲ့ကြပါတယ်။

အစောပိုင်းက မိမိဆန္ဒအလျောက်ပြန်လာမယ့်သူ ၁၆၁ ဦး စာရင်းပေးခဲ့ပေမယ့် ဒီနေ့ ၇၁ ဦးသာ ကျန်ရှိတယ်လို့ UNHCR မဲဆောက်တာဝန်ခံ မစ္စလင်းမင်က ဒီဗွီဘီကို ပြောပါတယ်။

“တချို့လူတွေက ကျမတို့ ဆက်သွယ်လို့မရဘူး။ တချို့ကျတော့ မသေချာဘူး။ သူတို့ မိသားစု အရေးကိစ္စတွေရှိလို့ ကျမတို့ကတော့ သူတို့သဘောဆန္ဒအရပဲ လုပ်တယ်။ သူတို့ ပြန်ချင်တယ်ဆိုရင်လည်း သူတို့သဘောပဲ။ သူတို့မပြန်ချင်ဘူးဆိုရင်လည်း ကျမတို့ ဘာမှ မတတ်နိုင်ဘူး။ သူတို့က သေချာပြီဆိုရင် ကျမတို့က ပြန်ခွင့်ပြုတယ်။”

အိမ်ပြန်ဒုက္ခသည်တွေဟာ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားနဲ့ Huay Ton Non/Bp 13 နယ်စပ်လမ်းကြောင်းကတဆင့် မိမိဒေသအသီသီးကို ပြန်လည်ဝင်ရောက်ကြမှာ ဖြစ်ပါတယ်။

ပြည်တွင်းပြန်လည်ဝင်ရောက်မယ့် ဒုက္ခသည်တွေက UNHCR ကနေ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့ (အိုင်အိုအမ်) ကတဆင့် ကူညီပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

လမ်းခရီးအတွက် ငွေကြေးအကူအညီအဖြစ် လူတဦးကို ထိုင်းဘတ်ငွေ ၁,၈၀၀ နဲ့ ဘဝ ပြန်လည်ထူထောင်ရေးအတွက် လူကြီးတဦး ဘတ် ၅,၄၀၀၊  ကလေးတဦး ဘတ် ၃,၆၀၀နဲ့ စားနပ်ရိက္ခာ ၆ လစာအတွက် လူတဦးကို ဘတ် ၂၁၀၀ ပေးအပ်ကူညီမယ်လို့ UNHCR က ကြေညာထားပါတယ်။

ဒါကြောင့် ပြန်သွားမယ့် ဒုက္ခသည်တွေအနေနဲ့ လူကြီးတဦးကို စုစုပေါင်း ဘတ်ငွေ ၉၃၀၀ ကျပ်နဲ့ ကလေးတဦးကို ဘတ်ငွေ ၇၅၀၀ စီထောက်ပံ့ကြေးရရှိမှာဖြစ်ပါတယ်။

ပြန်သွားမယ့် ဒုက္ခသည်တွေဟာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်၊ ပဲခူးနဲ စစ်ကိုင်း တိုင်းဒေသကြီးတွေဆီကို ပြန်သွားကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၂၆ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် နို့ဖိုး ဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၆၅ ဦးတို့ အစိုးရရဲ့ အစီအစဉ်နဲ့ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013