DVB Logo
Home
မြန်မာသတင်း
မြိတ်ဒေသထွက်တညင်းသီး အရောင်းအ၀ယ်အေးနေ
DVB
·
May 7, 2018
မြိတ်ဒေသထွက်တညင်းသီး အရောင်းအ၀ယ်အေးနေ
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြို့နယ်တချို့မှာ ထွက်ရှိတဲ့ ရာသီပေါ် သီးနှံတမျိုးဖြစ်တဲ့ တညင်းသီးဟာ အခုနှစ်မှာ အသီးထွက်နှုန်း ကောင်းပေမယ့် ဈေးကွက်ထဲမှာ ၀ယ်လိုအား မရှိတဲ့အတွက် အရောင်းအဝယ်အေးနေတယ်လို့ ဒညင်းသီး အ၀ယ်ဒိုင်တွေထံက သိရပါတယ်။

မြိတ်ဒေသထွက် တညင်းသီးတွေဟာ ရာသီပေါ်ချိန်မှာ တလုံးကို ၇၀ မှ ၈၀ ကျပ်အထိ ပေါ်ဦးပေါ်ဖျား ဈေးကောင်း ရရှိခဲ့ပေမယ့်လည်း လက်ရှိမှာ တလုံးကို ၇ ကျပ်မှ ၈ ကျပ်နီးပါးလောက်သာ ဈေးကွက်ရှိနေတယ်လို့ မြိတ်ကမ်းနားလမ်းရှိ တညင်းသီး အဝယ်ဒိုင် တချို့ဆီက သိရပါတယ်။

မြိတ်ကမ်းနားလမ်းရှိ တညင်းသီး အဝယ်ဒိုင်တဦး ဖြစ်သူ ဦးနောင်ပေါက်က “အခုနှစ်မှာ တညင်းသီးက ရွာတိုင်း ရွာတိုင်းမှာ ထွက်နေပေမယ့် အဝယ်ဒိုင်တွေ မရှိတော့ ဈေးကွက်လည်း ပျက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ဒီနှစ်က အခြေအနေ တအားဆိုးရွားတယ်”လို့ ပြောပါတယ်။

မြိတ်ဒေသထွက် တညင်းသီးဟာ ပြီးခဲ့တဲ့နှစ်တွေက အများစုမှာ ကျွန်းစုမြို့နယ်ရှိ ကျေးရွာတွေက အများဆုံးထွက်ရှိပြီး၊ ဒီနှစ်မှာတော့ ကျွန်းစု၊ ပုလောနဲ့ ထားဝယ်မြို့နယ်ရှိ ကျေးရွာတွေက ထွက်လာတာကြောင့် ဈေးတွေ ထိုးကျသွားကြောင်း အဝယ်ဒိုင်တွေထံမှ သိရပါတယ်။

မြိတ်ကမ်းနားလမ်း အဝယ်ဒိုင်မှ အမျိုးသမီးတဦးက “ဒိုင်တွေကတော့ အရင်နှစ်က တညင်းသီး အထွက်နည်းတော့ ဝယ်သူတွေ များတာပေါ့၊ ဈေးကောင်းလည်း ရတယ်။ အများဆုံးက ရန်ကုန်ပွဲရုံကိုပဲ အဓိကထား တင်ပို့တာလေ။ ဒီနှစ်ကတော့ ပစ္စည်းပေါတော့ ဝယ်သူ မရှိသလောက်ကို ဖြစ်နေတယ်”လို့ ပြောပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013