DVB Logo
Home
မြန်မာသတင်း
အစိုးရနည်းပညာအထက်တန်းကျောင်းများ သင်တန်းသားသစ်ခေါ်ယူ
DVB
·
May 7, 2018
အစိုးရနည်းပညာအထက်တန်းကျောင်းများ သင်တန်းသားသစ်ခေါ်ယူ
1 / 2
Donate to DVB

အခြေခံပညာ ၈ တန်းအောင်မြင်သူတွေ တက်ရောက်နိုင်ပြီး ထောက်ပံ့ကြေးလည်းရမယ့် အစိုးရ နည်းပညာအထက်တန်းကျောင်းတွေအတွက် သင်တန်းသားသစ်တွေခေါ်ယူနေပြီလို့ နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ကြေညာပါတယ်။

အသက်မွေးသင်တန်းတွေကို ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော်လမြိုင်၊ စစ်တွေ၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်၊ ရွာမ၊ လက်ခုပ်ကုန်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော်၊ ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းက ကျောင်းပေါင်း ၃၅ ကျောင်းမှာ ဖွင့်လှစ်မှာပါ။

သင်တန်းကို ၂ နှစ်ကြာ တက်ရမှာ ဖြစ်ပြီး ဒုတိယနှစ်မှာ အောင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အပြင်ဖြေအနေနဲ့ ဝင်ရောက်ဖြေဆိုနိုင်မှာဖြစ်သလို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ရင်တော့ A.G.T.I ပထမနှစ်သင်တန်းကို သက်ဆိုင်ရာ ကျောင်းတွေရဲ့ ဝင်ခွင့်မူအတိုင်း လျှောက်ထားနိုင်မှာပါ။

သင်တန်းတက်နေတဲ့ ကာလတွေမှာ ကျောင်းသားကျောင်းသူတွေကို တလမှာ ကျပ် ၃၀၀၀၀ ထောက်ပံ့ဦးမယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို သက်ဆိုင်ရာ ကျောင်းတွေမှာ ဒီနေ့ မေလ ၇ရက်က စလို့ ထုတ်ယူနိုင်ပြီး မေလ ၂၂ ရက် နောက်ဆုံးထား တင်သွင်းရမှာပါ။

ဖွင့်လှစ်မယ့် သင်တန်းတွေကတော့ အဆောက်အဦ၊ အီလက်ထရောနစ်၊ လျှပ်စစ်၊ မော်တော်ယာဉ်၊ စက်ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်လုပ်တာ၊ ရေခဲသေတ္တာနဲ့ လေအေးပေးစက်၊ သတ္တုပစ္စည်း ထုတ်လုပ်တာ၊ သုတနည်းပညာ သင်တန်းတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013