DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ အတွင်းရေးမှူးများ ပထမဆုံးအကြိမ်စုံညီစည်းဝေး
DVB
·
May 7, 2018
အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီ အတွင်းရေးမှူးများ ပထမဆုံးအကြိမ်စုံညီစည်းဝေး
Donate to DVB

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့် က အတွင်းရေးမှူးတွေရဲ့ ပထမဆုံးအကြိမ် စုံညီအစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ ဒီနေ့ ပြုလုပ်နေပါတယ်။

ဒီအစည်းအဝေးမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း အခြေအနေတွေ၊  အောင်မြင်မှုနဲ့ အခက်အခဲတွေ၊ ရုံးလုပ်ငန်းအခြေအနေတွေကို သက်ဆိုင်ရာ JMC အလိုက် အသေးစိတ် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွေက အတွင်းရေးမှူးတွေ တက်ရောက်နေတာပါ။

JMC အဆင့်ဆင့်မှာ အတွင်းရေးမှူး နှစ်ယောက်ပါဝင်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ် ဒေါက်တာရွှေခါးရ်က အတွင်းရေးမှူး (၁) တာဝန်ယူပြီး အစိုးရ ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က အတွင်းရေးမှူး (၂) ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) တွေကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ဖွဲ့စည်းထားပြီး ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) တွေကိုတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နဲ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့တို့မှာ ဖွဲ့စည်းထားပါတယ်။

JMC အဆင့်ဆင့်ရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး၊ ပြည်ထောင်စုအဆင့် JMC ရဲ့ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတို့ကိုလည်း ဒီအစည်းအဝေးကနေ မေလ ၁၁ ရက်အထိ ရန်ကုန်မြို့မှာပဲ ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013