DVB Logo
Home
မေးမြန်းခန်း
လန်ဒန်မြို့ကဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြု
DVB
·
June 19, 2012
လန်ဒန်မြို့ကဆွေးနွေးပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြု
Donate to DVB

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က London School of Economic ကျောင်းမှာကျင်းပတဲ့ တရားဥပဒေ စိုးမိုးရေး ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့London School of Economic မှာ လန်ဒန်က ပညာရှင်တွေ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး လန်ဒန်အခြေစိုက် ဒီဗွီဘီ သတင်းထောက် မရွှေစင်ကို နော်နိုရင်းက မေးမြန်းထားပါတယ်။

“ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန်ကိုရောက်တဲ့ ပထမဆုံးနေ့မှာ လန်ဒန်ရဲ့ အထင်ကရဖြစ်တဲ့ London School of Economic မှာ သူနဲ့တခြားပညာရှင်တွေ အပါအ၀င် တရားဥပဒေ စိုးမိုးရေးအတွက် ကို ဆွေးနွေးခဲ့ကြတယ်။ ပရိသတ်တွေရှေ့မှာ ဆွေးနွေးခဲ့တယ်။ London School of Economic မှာ တက်ရောက်နေကြတဲ့ နိုင်ငံတကာက ကျောင်းသားတွေ ၊ နောက်တခါ လန်ဒန်မှာရှိတဲ့ တခြားအဖွဲ့အစည်းတွေက ကျောင်းသားကျောင်းသူတွေ တော်တော်များများ တက်ရောက် နားထောင်ကြ တယ်။ ကျောင်းသားတွေ အပြင် တခြားစိတ်ပါဝင်စားတဲ့ လူတွေလည်း လာပြီးတော့ နားထောင်ကြတာ တွေ့ရတယ်။”

အဓိက ဘာအကြောင်းအရာတွေကို ဆွေးနွေးကြတာလဲ။

“ဆွေးနွေးပွဲရဲ့ခေါင်းစဉ်ကတော့ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ခေါင်းစဉ် နဲ့ ဆွေးနွေးသွားကြတာ ပါ။ ဆွေးနွေးကြတဲ့ အဓိက အခြေခံကတော့ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့စကားက ကမ္ဘာလုံးဆိုင်ရာရဲ့ လက်ခံသတ်မှတ်ထားတဲ့ အနေအထားမှာ ဘယ်လိုရှိလဲ၊ နောက်တခါ တိုင်းပြည်တခုချင်း၊ ကိစ္စတခုချင်းမှာ ဘယ်လိုကွာခြားတယ်ဆိုတဲ့ ဟာတွေကို လည်း ဆွေးနွေးသုံးသပ်သွားပါ တယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံရဲ့ အနေအထားပေါ်မှာ အခြေခံပြီးတော့ သူကဆွေးနွေးသွားတယ်။ တခြားလူတွေကလည်း တောင်အာဖရိကတို့လို၊ တခြားပြဿနာ ရှိနေတဲ့ နိုင်ငံတွေရဲ့ ဥပမာတွေကို ပေးပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။ အကျယ်တ၀င့်ပါ ပဲ။”

ဒီနေ့မှာ တခါတည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ကျင်းပသွားတယ်ဆိုတာ သိရတယ်။ မွေးနေ့ပွဲကို ဘယ်လိုမျိုး ကျင်းပလဲ။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲက ဒီဟာပြီးတော့မှ အောက်စဖို့ဒ်ကို သွားပြီးတော့ ဆက်ပြီးတော့ ကျင်းပမှာပါ၊ လန်ဒန်က ဆွေးနွေးပွဲ ပြီးတဲ့အခါမှာ လန်ဒန်မြို့ကနေ အောက်စဖို့ဒ်မြို့ကို ထွက်ခွာမှာဖြစ်ပါ တယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့တဲ့ ကျောင်းကလေး၊ စိန့်ကျူးကောလိပ် ဆိုတာ၊ အောက်စဖို့ဒ်တက္ကသိုလ် ပရ၀ုဏ်ထဲမှာ ရှိတဲ့ကျောင်းမှာ၊ အောက်စဖို့ဒ် တက္ကသိုလ် ရဲ့ ကျောင်းတခုပါပဲ။ အဲဒီကျောင်းမှာ သူတို့ကိုယ်ပိုင်မွေးနေ့ပွဲ လုပ်မှာဖြစ်တယ်၊ အဲဒီမှာတော့ မိသားစုတွေ၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ သီးသန့်ပွဲ ကျင်းပမှာပါ၊”

ဘယ်အချိန်လောက်မှာ ကျင်းပမှာလဲ။

“ဒီနေ့ညနေ ၆ နာရီလို့ပြောတယ်။ လန်ဒန်အချိန် ၆နာရီဆိုတော့ မြန်မာအချိန် ည ၁၂ နာရီ၊ ကျော်လောက်ဖြစ်မှာပါ။ အဲဒီမှာ ကျင်းပကြမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ပေါ့။ သူလွတ်မြောက်ပြီး ပထမဆုံး မွေးနေ့လို့တောင် ပြောလို့ရမလားမသိဘူး။ သူဒီဟာကို ကျင်းပမှာဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013