DVB Logo
Home
မြန်မာသတင်း
၁၀ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့မှု သံသယဖြင့် အမျိုးသားတဦးကို အမှုဖွင့်
DVB
·
May 7, 2018
၁၀ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့မှု သံသယဖြင့် အမျိုးသားတဦးကို အမှုဖွင့်
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်း ရဲအနောက်ဘက် ၁၃ မိုင်လောက်အကွာ ကွင်းချောင်းတမံအတွင်းရှိ မင်းလှဝမှာ သက်ငယ်မုဒိန်းပြုကျင့်ခဲ့တယ်ဆိုပြီး တိုင်တန်းမှုကြောင့် သံသယရှိသူကို အမှုဖွင့်စစ်ဆေးနေတယ်လို့ ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကွင်းချောင်းဆည်အတွင်းရှိ မင်းလှဝတွင်းရေပေါ် ဖောင်ဖွဲ့တဲမှာ အဘိုးအဘွားတွေနဲ့ နေသူ ဆယ်နှစ်အရွယ် မိန်းကလေးငယ်တဦးကို တဲချင်းကပ် နေထိုင်တဲ့ ဦးတင်ထွန်းဆိုသူက ဧပြီ ၂၆ မွန်းလွဲပိုင်းက ဆံပင်ဖြူနုတ်ပေးဖို့ ခေါ်ယူပြီး သားမယားပြုကျင့်ခဲ့ကြောင်း အဘိုးဖြစ်သူက  ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းမှာ လာရောက်တိုင်ကြားခဲ့တာလို့ ရဲတာဝန်ရှိသူက ပြောပါတယ်။

"ဖြစ်တဲ့နေရာက တောင်ပေါ်မှာပါ။ သူတို့က ဧရာဝတီတိုင်းဘက်ကနေ လာနေကြတာပါ။ ဆည်ထဲမှာ ဖောင်လေးတွေလုပ်ပြီးနေကြတာ။ ကလေးမလေးက အဘိုး အဘွားနဲ့ နေတာ။ သူတို့က ငါးရှာကြတဲ့သူတွေပါ။ အခုကျူးလွန်သူကတော့ ငါးဒိုင်ကပေါ့။ ကလေးမလေးကို ဆံပင်ဖြူ နုတ်ခိုင်းတယ်။ သန်းရှာခိုင်းတယ်၊ ပြီးတော့မှ ကျူးလွန်တာလို့ ပြောတယ်။ ကျူးလွန်တယ်ဆိုတာကို ကလေးမလေးက အဘိုးကိုပြောလို့ အဘိုးဖြစ်သူကလာပြီး အမှုဖွင့်တာပါ။ တရားခံကိုလည်း ဖမ်းထားပါတယ်" လို့ ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူကို ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ် စစ်ဆေးမှုနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်ကိုလည်း ညောင်ပင်သာတိုက်နယ်ဆေးရုံကို ပို့ဆာင်ကာ ဆေးစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013