DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ဘေးရှောင်များကို အစိုးရက ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာအကူအညီပေးအပ်
DVB
·
May 7, 2018
ကချင်စစ်ဘေးရှောင်များကို အစိုးရက ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာအကူအညီပေးအပ်
Donate to DVB

 

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးနဲ့ စားနပ်ရိက္ခာတွေ အစိုးရက ပေးအပ်နေပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရှိ လမ်းခွကျေးရွာ လယ်ဘရော့ခရစ်ယာန် နှစ်ခြင်း ဘုရားကျောင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ တိုက်ပွဲရှောင်စခန်းကိုရောက်ရှိလာတဲ့ နေရပ်စွန့်ခွာလာသူတွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့တာလို့ လူကယ်ပြန်ဌာနက ထုတ်ပြန်ပါတယ်။

လန်ဘရော့ယန်၊ စိန့်ဒေါမနစ်၊ ဧမာနွေလဘုရားကျောင်းတွေရှိ တိုက်ပွဲရှောင်စခန်းတွက ငါးနှစ်အောက်ကလေးငယ်တွေအတွက်  ထောက်ပံ့ငွေကျပ် ၅၇ သိန်းခွဲ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်ကျပ် ၁၃ သိန်း၊ မသန်စွမ်းသူတွေအတွက် ကျပ် ၁၇ သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုတွေအတွက်ကျပ် ၂၀ သိန်းနဲ့ ဆန်၊ဆီ၊ဆား၊ ပဲရိက္ခာတစ်လစာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ တယ်လို့ဆိုပါတယ်။

စိန့်ပေါလုဘုရားကျောင်းမှာတော့ အသက်ငါးနှစ်အောက် ကလေးသူများငယ်တွေအတွက် ထောက်ပံ့ငွေကျပ် ၂၀သိန်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျပ် ၂ သိန်း၊ မသန်စွမ်းသူတွေ အတွက် ကျပ် ၂သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီးမိသားစုတွေအတွက် ကျပ် ၆ သိန်းနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာတစ်လစာတို့ကိုထောက်ပံ့ပေးခဲ့ပါတယ်။

မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာ တြီနီတီဘုရားကျောင်းမှာလည်း တိုက်ပွဲရှောင်ပြည်သူ အသက်ငါးနှစ်အောက် ကလေးသူများငယ်တွေအတွက် ထောက်ပံ့ငွေကျပ် ၆၆ သိန်း၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကျပ် ၂၁ သိန်း၊ မသန်စွမ်းသူတွေကို ကျပ် ၁၆ သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီးမိသားစုတွေကို ထောက်ပံ့ငွေ ၁၀ သိန်း ၅ သောင်းကျပ်နဲ့ ရိက္ခာတစ်လစာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေကို အာဟာရမုန့်တွေပေးဝေတာနဲ့ အသက် (၉၀)နှစ်နဲ့အထက် အဘိုးအဘွားတွေကို လည်းသီးခြားစီတွေ့ဆုံပြီး လက်ဝယ်အရောက်ငွေကြေးထောက်ပံ့ပေးခဲ့ကာ  ဝန်ကြီးဌာနအနေနဲ့ ခရီးစဉ်အတွင်း စုစုပေါင်း ထောက်ပံ့ငွေ (၇၀၈၄၆၁၂၅) ကျပ် ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

မန်ဝယ်ကျေးရွာမှ ပြောင်းရွှေ့ပေးဖို့လိုအပ်တဲ့ ပြည်သူ (၁၅၃)ဦးကို ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ချောင်းဝကျေးရွာက တစ်ဆင့် စက်လှေတွေနဲ့ ခေါ်ယူပြီး အင်းတော်ကြီး၊ ရွှေမဉ္ဖူ ဓမ္မာရုံတွင် ခေတ္တနေထိုင်စေဖို့ ဆောင်ရွက်သွားမယ်လို့ လည်း လူကယ်ပြန်ဌာန ထုတ်ပြန်ချက်အ ရသိရပါတယ်။

ဓာတ်ပုံ - MSWRR

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013