DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေတက်နိုင်သဖြင့် ရေယာဉ်၊ လှေ၊ သင်္ဘောများဂရုပြုသင့်
DVB
·
May 7, 2018
ဧရာဝတီမြစ်ရေတက်နိုင်သဖြင့် ရေယာဉ်၊ လှေ၊ သင်္ဘောများဂရုပြုသင့်
Donate to DVB

 

ဧရာဝတီမြစ်ရေဟာ မေ ၆ ရက် ညနေ ၃ နာရီခွဲ တိုင်းထွာချက်အရ  မြစ်ကြီးနားမြို့မှာ ၃၉၅ စင်တီမီတာ ရောက်ရှိခဲ့ပြီး တရက်အတွင်း ၆ ပေလောက် မြင့်တက်ခဲ့ပါတယ်။

ဧရာဝတီမြစ်အထက်ပိုင်းမှာ မြင့်တက်ခဲ့တဲ့ မြစ်ရေတွေဟာ နောက်တရက်ကနေ သုံးရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တွေမှာ ၄ ပေကနေ ၅ ပေ၊ နောက် ၃ ရက်ကနေ ၇ ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တွေမှာ ၂ ပေခွဲကနေ ၃ ပေခွဲ၊ နောက် ၆ ရက်ကနေ ၁၂ ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တွေမှာ ၁ ပေခွဲကနေ ၂ ပေခွဲအထိ လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မြစ်ရေ ရုတ်တရက်တိုးလာနိုင်တဲ့အတွက် မြစ်ကြောင်းအတွင်း သွားလာနေကြတဲ့ ရေယာဉ်၊ လှေ၊ သင်္ဘောတွေအနေနဲ့ ဂရုပြုသင့်ပြီး မြစ်ရေနည်းချိန် သဲသောင်ခုံတွေမှာ စိုက်ပျိုး နေထိုင်ကြသူတွေအနေနဲ့လည်း ဂရုပြုနေထိုင်သင့်တယ်လို့ မိုးဇလက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013