DVB Logo
Home
မြန်မာသတင်း
မုံရွာခရိုင် ဗကသကျောင်းသားများ ငြိမ်းချမ်းရေးဆုတောင်း
DVB
·
May 7, 2018
မုံရွာခရိုင် ဗကသကျောင်းသားများ ငြိမ်းချမ်းရေးဆုတောင်း
1 / 8
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေစည်းခုံဘုရားဝင်းအတွင်း နေပူခံရုပ်ပွားတော်ရှေ့မှာ မုံရွာခရိုင် ဗကသကျောင်းသားတွေဦးဆောင်ကာ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်ဘေးရှောင် ပြည်သူများ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးအတွက် မနေ့ညက ဆီးမီးထွန်း ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဆီမီးထွန်းဆုတောင်းပွဲကို ဗကသကျောင်းသားတွေအပြင် နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ငြိမ်းချမ်းရေးကို လိုလားသူတွေ လာရောက်ပူးပေါင်းဆုတောင်းခဲ့ကြပါတယ်။

ဆုတောင်းပွဲကို ၃ ရက်ကြာလုပ်ဆောင်သွားမှာဖြစ်ပြီး မည်သူမဆို ပူးပေါင်းပါဝင်နိုင်သလို ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေကိုလည်း အလျဉ်းသင့်သလို ဆက်လက်လုပ်ဆောင်သွားမယ်လို့  မုံရွာခရိုင် ဗကသ ဥက္ကဋ္ဌ မောင်သန့်က ပြောပါတယ်။

လတ်တလောမှာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို စစ်ပွဲကြားပိတ်မိနေသူတွေလည်းရှိနေပါတယ်။

စစ်ပွဲကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့နဲ့ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးတို့အတွက် မုံရွာသာမက ရန်ကုန်၊ ပြည်၊ မော်လမြိုင်၊ တောင်ကြီး စတဲ့မြို့တွေမှာလည်း အဖွဲ့အစည်းအသီးသီးက ပုံစံမျိုးစုံနဲ့ လှုပ်ရှားတောင်းဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013