DVB Logo
Home
မြန်မာသတင်း
ကျုံပျော်မြို့နယ်၌ တရားမဝင်ဘာသာရေးအဖွဲ့ ခေါင်းဆောင် ၂ ဦးကို လူခိုးမှုဖြင့် ထောင် ၃ နှစ်စီချ
DVB
·
May 7, 2018
ကျုံပျော်မြို့နယ်၌ တရားမဝင်ဘာသာရေးအဖွဲ့ ခေါင်းဆောင် ၂ ဦးကို လူခိုးမှုဖြင့် ထောင် ၃ နှစ်စီချ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်က ခရစ်တော်ရဲ့ တပည့်တော်များ မိတ်သဟာရအဖွဲ့ဆိုတဲ့ တရားမဝင် ဘာသာရေးအဖွဲ့က ခေါင်းဆောင်နှစ်ဦးကို ကျုံပျော်မြို့နယ် တရားရုံးက မေလ ၄ ရက်က လူခိုးမှုနဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်

အဲဒီဘာသာရေးအဖွဲ့ခေါင်းဆောင် မန်းဝင်းမြင့်နဲ့ နန့်နီလာထွန်းတို့ကို လူခိုးမှုနဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ထောင်ကို ပို့ဆောင်လိုက်ကြောင်း တရားခွင်ကို သွားရောက်နားထောင်ခဲ့တဲ့ ကျုံပျော်- ကျောင်းကုန်း ပိုးကရင်နှစ်ခြင်းသာသနာ အကျိုးဆောင် မန်းထောင်းစိန်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီအဖွဲ့ကို ဝင်ရောက်သူတွေအနေနဲ့ ပြန်ခေါ်လို့ မရတာ၊ မိဘနဲ့ အဆက်အသွယ်မရဘူးဆိုတဲ့ အကြောင်းတွေဟာ ၂၀၁၇ နိုဝင်ဘာလက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရက စုံစမ်းစစ်ဆေးခဲ့ပြီး အဲဒီအဖွဲ့ကို လူစုလူဝေးနဲ့ သင်တန်းတွေ ဝတ်ပြုစုတောင်းတာတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

အခု ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အမှုကတော့ ၂၀၁၆ ခုနှစ်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် က အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်က အဲဒီအဖွဲ့ ဖွင့်လှစ်တဲ့ ရက် ၄၀ သင်တန်းကို တက်ရောက်ပြီးတဲ့နောက် ပြန်ခေါ်လို့မရတာနဲ့ပတ်သက်လို့ သူရဲ့မိဘတွေက ပုဒ်မ ၃၆၃ လူခိုးမှုနဲ့ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာ စစ်ဆေးပြီး အခုလို အမိန့်ချမှတ်ခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်ခံရတဲ့ နန့်နီလာထွန်းကတော့ သူတို့အဖွဲ့အနေနဲ့ ဘုရားရဲ့လမ်းညွှန်မှုအတိုင်းသာ လုပ်ဆောင်နေတာဖြစ်ပြီး ကိုယ်တိုင်သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ ခေါ်ယူထားတာ မရှိဘူးလို့ ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောပါတယ်။

ခရစ်ယာန်ဘာသာရေးအဖွဲ့တွေကတော့ အဲဒီအဖွဲ့အနေနဲ့ ခရစ်ယာန်ရဲ့ တရားဓမ္မတွေနဲ့ မကိုက်ညီတဲ့ ဝတ်ပြုဆုတောင်းမှုတွေပြုလုပ်လို့ဆိုပြီး ကန့်ကွက်ထားပါတယ်။ ဒါ့အပြင် နယ်သာသနာ အကျိုးဆောင် မန်းထောင်းစိန်ဟာလည်း ၂၀၁၆ ခုနှစ် ၆ လပိုင်းက သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားရပြီး တရားရုံးမှာ စစ်ဆေးဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ လှည်းဆိပ်ကျေးရွာက ဘာသာရေးအဖွဲ့အနေနဲ့ အရင်လို လုပ်ဆောင်တာတွေတော့ မရှိတော့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013