DVB Logo
Home
မြန်မာသတင်း
ထန်းနှင့်ဝါးမှ လက်မှုအနုပညာများ ဖန်တီးတီထွင်နိုင်ရေး ကူညီမည်ဟု ၀တ်မှုန်ရွှေရည်ပြော
DVB
·
May 6, 2018
ထန်းနှင့်ဝါးမှ လက်မှုအနုပညာများ ဖန်တီးတီထွင်နိုင်ရေး ကူညီမည်ဟု ၀တ်မှုန်ရွှေရည်ပြော
Donate to DVB

အညာဒေသရဲ့ ထန်းနဲ့ဝါးကနေ လက်မှုအနုပညာ ဖန်တီးတီထွင်နိုင်ပြီး နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အားပေးကူညီသွားမယ်လို့ ရွာတန်းရှည်ကျေးရွာသားတွေကို အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပြောကြားလိုက်ပါတယ်။

ကျောက်ပန်းတောင်မြို့နယ် ရွာတန်းရှည်ကျေးရွာမှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ထန်းတောင်သူဘဝမြှင့်တင်ရေး ထန်းနှင့်ဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲမှာ ပြောကြားခဲ့တာပါ။

အခြားမြို့ဒေသတွေကနေ ထန်းပင်အရေအတွက် သိန်းနဲ့ချီဝယ်ယူမှုတွေရှိနေတာကြောင့် အညာဒေသမှာ မြန်မာ့အဖိုးတန် သဘာဝထန်းပင်တွေ ပျောက်ကွယ်သွားမှာ စိုးရိမ်တဲ့အတွက် တော်ဝင်ထန်းအဖွဲ့ကနေ ဦးဆောင်ပြီး ထန်းတက်တောင်သူဘဝ မြှင့်တင်ရေးအတွက် ထန်းနှင့် ဝါးဆိုင်ရာ အဆင့်မြင့် လက်မှုပညာရက်တို သင်တန်းကိုလည်း ကျေးလက်ဒေသဖွဲ့ဖြိုးဖို့ ကျောက်ပန်းတောင်းမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တော်ဝင်ထန်းအဖွဲ့အစည်း နာရေးကူညီမှုအသင်း ရန်ကုန်ဥက္ကဌ ဦကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်၊ ရပ်မိရပ်ဖ ကျေးရွာသူကျေးရွာသားတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကတော့ သူတို့ခေတ်က ရုပ်ရှင်ရိုက်ကူးရာမှု ထန်းပင်တွေပေါ်များတာတွေရှိပြီး ပုဂံခေတ်က သူရဲကောင်း ၄ ဦးရဲ့ သမိုင်းအကြောင်းကိုလဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရွာတန်းရှည်ကျေးရွာမှာ ဝါးနဲ့ပြုလုပ်တဲ့ လက်မှုလုပ်ငန်းလေးတွေရှိပြီး လက်မှုပညာဖွံ့ဖြိုးမှု နည်းပါးခဲ့တာကြောင့် လက်မှုလုပ်ငန်းလေးတွေမှာ မသပ်မရပ်ဖြစ်နေတာတွေ့ရှိခဲ့ရပြီး အဆင့်အတန်းမီ နိုင်ငံတကာထိုးဖောက်နိုင်ဖို့နဲ့ ဟိုတယ်တွေမှာ မြန်မာမှု ထန်းနဲ့ဝါး ပြုလုပ်ထားတဲ့ လက်မှုပညာလက်ရာတွေ အသုံးပြုနိုင်အောင် လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ တော်ဝင်းထန်းအဖွဲ့ ဦးဆောင်သူ ဒေါ်ပိုးဖြူက ပြောပါတယ်။

သတင်းဓာတ်ပုံ-အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013