DVB Logo
Home
မြန်မာသတင်း
ဆေးဝါးတုမလုပ်နိုင်ရန် BPI အမှတ်တံဆိပ်ကို စက်ရုံတွင် ရိုက်နှိပ်ရန် ၀န်ကြီးပြော
DVB
·
May 6, 2018
ဆေးဝါးတုမလုပ်နိုင်ရန် BPI အမှတ်တံဆိပ်ကို စက်ရုံတွင် ရိုက်နှိပ်ရန် ၀န်ကြီးပြော
Donate to DVB

BPI အမှတ်တံဆိပ် ဆေးဝါးတွေကို အတုအပမလုပ်နိုင်အောင် ဆေးဝါးတံဆိပ်တွေကို စက်ရုံမှာပဲ ရိုက်နှိပ်ဖို့ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားလိုက်ပါတယ်။

ဧပြီ ၅ ရက်နေ့က အင်းစိန်ဆေးဝါးစက်ရုံကို သွားရောက် ကြည့်ရှုပြီးနောက် အခုလို ပြောကြားတာလို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြထားပါတယ်။

ဆေးဝါးထုတ်ပိုးမှု ပုံစံအသစ်တွေကို အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ JKL ကုမ္ပဏီက ဆေးဝါးစက်ရုံ (အင်းစိန်)အတွက် Sticker Labels တွေနဲ့ Printed Box တွေ ထုတ်လုပ်နေတာကို စစ်ဆေးခဲ့ပြီး ထုတ်ပိုးမှုပုံစံကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်ဖို့ မှာကြားတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဆေးဘူးပုံစံအသစ် ပြောင်းလဲဖို့အတွက် အကျိုးတူပူးပေါင်းနေတဲ့ SUNTEC Pharmaceutical Co.,Ltd. က ဆေးဝါးစက်ရုံ (အင်းစိန်)မှာ ထုတ်ပိုးမှုပုံစံသစ် ဆေးဘူးတွေ ပြောင်းလဲထုတ်လုပ်နေတာကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

BPI အမှတ်တံဆိပ်နဲ့ ဆေးဝါးတွေကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ တန်ဖိုး ကျပ်သန်းပေါင်း ၅ သောင်းကျော်ဖိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဆေးဝါးစက်ရုံ (အင်းစိန်)က ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆေးတွေကို ဒေသတွင်းနိုင်ငံတွေကို တင်ပို့ဖို့ စီစဉ်နေပြီး လက်ရှိမှာတော့ ကမ္ဘောဒီးယားနိုင်ငံကို ပထမအသုတ် တင်ပို့ရောင်းချထားပြီလို့ ဖော်ပြထားပါတယ်။

BPI ဆေးတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ အရောင်းကိုယ်စားလှယ်တွေကို ဖြန့်ဖြူးနေသလို အများပြည်သူတွေ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ဖို့ City Mart, Orange, Capital စတဲ့ ကုန်တိုက်ကြီး ၂၃ ခုမှာလည်း ရောင်းချပေးနေပါတယ်။

ဆေးဝါးစက်ရုံ (အင်းစိန်)က ထုတ်လုပ်တဲ့ ဆေးတွေထဲက ၃၅ မျိုးကို တဦးတည်း မူပိုင်အဖြစ် မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013