DVB Logo
Home
မြန်မာသတင်း
မီးလောင်တိုက်ပေါ် တွယ်တက်ပြီး အမျိုးသမီးအား ကယ်တင်ခဲ့သူကို ဝိုင်းဝန်းချီးကျူး (ရုပ်သံ)
DVB
·
May 6, 2018
မီးလောင်တိုက်ပေါ် တွယ်တက်ပြီး အမျိုးသမီးအား ကယ်တင်ခဲ့သူကို ဝိုင်းဝန်းချီးကျူး (ရုပ်သံ)
Donate to DVB

မီးလောင်နေတဲ့ အခန်းထဲက အမျိုးသမီးတယောက်ကို ပိုက်လိုင်းကနေချိတ်တက်ပြီး ကယ်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပြီး ကယ်ဆယ်သူကိုလည်း ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

မနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမှာ ရှိတဲ့ ခရီးသွားလုပ်ငန်းရုံးတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

ရုပ်သံထဲမှာတော့ မီးခိုးမွှန်နေသူ အမျိုးသမီးတယောက်ဟာ စိုးရိမ်ကြောက်လန့်ပြီး ၄ လွှာ တိုက်ခန်းရဲ့ နောက်ဘက်ပြတင်းပေါက်ဘောင်ပေါ်မှာ ထွက်နေတာ တွေ့ရပါတယ်။

ဗွီဒီယိုရိုက်သူက အဲဒီအမျိုးသမီးကို စိတ်အေးအေးထားဖို့၊ ခုန်မချဖို့နဲ့ ကယ်တင်သူတွေ လာနေပြီလို့ ပြောပေးနေပါတယ်။

မီးလောင်တဲ့ တိုက်ရဲ့ ဘေးကပ်လျက်မှာ ဟိုတယ်တခုရှိပြီး အဲဒီဟိုတယ်ခန်းတွေမှာလည်း မီးခိုးမွှန်လို့ ဟိုတယ်အပေါ်ဆုံးထပ် ၅ လွှာပြတင်းပေါက် အပြင်ဘက်မှာလည်း နိုင်ငံခြားသူတယောက် ထွက်ရပ်နေပါတယ်။

သူ့ကိုလည်း ကယ်သူတွေကို စောင့်နေဖို့၊ တစုံတခုမလုပ်ဖို့  ဗွီဒီယိုရိုက်သူက အော်ပြောပါတယ်။

မကြာခင်မှာပဲ စွပ်ကျယ်အင်္ကျီဝတ်ဆင်ထားသူတယောက်ဟာ တိုက်နောက်ဘက် ပိုက်လိုင်းတွေက ချိတ်တက်လာပြီး ၄ လွှာအမြင့်က မိန်းကလေးကို ကူညီပါတယ်။ သူတို့နှစ်ယောက်ဟာ အားပြုစရာ ချည်နှောင်ထားတဲ့ ကြိုး စတာတွေ မပါဘဲ တိုက်ရဲ့ အစွန်းတွေနဲ့ ပိုက်လိုင်းကို အမှီပြုပြီး အောက်ဘက်ကို ဖြည်းဖြည်းချင်း ဆင်းကြပါတယ်။

ဒီအဆောက်အအုံတွေဟာ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ထားတာတွေ ဖြစ်လို့ လက်ရှိတိုက်တွေထက် ပိုမြင့်ပြီး နောက်ဘက်မှာ အရေးပေါ်လှေကားတွေ မရှိပါဘူး။

တိုက်အောက်ခြေမှာလည်း လူတစုက သံပိုက်တွေနဲ့ စင်မြင့်တခုကို မြန်မြန်လုပ်နေတာကို တွေ့ရပါတယ်။

ဗွီဒီယိုဖိုင်ဟာ ၄ မိနစ်ကျော်ကျော်ရှိပြီး မိန်းကလေးနဲ့ ကူညီသူတို့ ၃ လွှာအရောက်မှာ ပြီးဆုံးသွားလို့ အောက်ကို ဘယ်လိုရောက်သွားတယ်ဆိုတာကိုတော့ မတွေ့ရပါဘူး။

ဒီဗွီဒီယိုကို ရိုက်သူက ကိုမောင်မောင်လှကတော့ နိုင်ဂရုပ် ဆောက်လုပ်ရေးက လုပ်သားဝန်ထမ်းတွေဟာ မီးလန့်လို့ ကြောက်လန့်တကြားဖြစ်နေတဲ့ နိုင်ငံခြားသား ၃ ယောက် အပါအဝင် လူ ၄ ယောက်ကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီဗွီဒီယိုရဲ့အောက်မှာ ရိုက်ကူးသူဟာ မကူညီဘဲ ဗွီဒီယိုပဲ ရိုက်နေတယ်လို့ ပြစ်တင် မှတ်ချက်ပေးသူ တချို့လည်း ရှိပါတယ်။

အများစုကတော့ ကူညီနေသူတွေကို ချီးကျူးပြီး ရိုက်ကူးသူဟာ နှုတ်အားနဲ့ ကူညီနေတာလို့ တုံ့ပြန်ထားကြပါတယ်။

ရုပ်သံ-Mg Mg Hla

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013