DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် သင်္ကြန်အကြိုနေ့က ပျောက်သွားသူအလောင်း ပြန်တွေ့
DVB
·
May 6, 2018
ကော့သောင်းတွင် သင်္ကြန်အကြိုနေ့က ပျောက်သွားသူအလောင်း ပြန်တွေ့
Donate to DVB

 

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ သင်္ကြန်အကြိုနေ့က ပျောက်သွားတဲ့ ဆိုင်ကယ်ကယ်ရီသမားတဦးရဲ့ အလောင်းကို မေ ၄ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကော့သောင်းမြို့ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ စစ်ဆေးနေတုန်းပဲ၊ ဘာကြောင့် သေရတာလဲဆိုတဲ့ ဆေးစာစောင့်နေတယ်။ လောလောဆယ်တော့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်” လို့ ကော့သောင်ရဲစခန်းမှ ရဲအုပ်အေးကြိုင်က ပြောပါတယ်။

ဖြစ်စဉ်မှာ သင်္ကြန်အကြိုနေ့က ကော့သောင်းမြို့နဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကို ပြေးဆွဲနေတဲ့ ပဲ့ချိတ်ဂိတ်အနီးမှာ ဆိုင်ကယ်ကယ်ရီဆွဲနေသူ ဦးတင်ရှိန် (ခ) ဦးဖစု (၅၁) နှစ်ဟာ ဧပြီလ ၁၃ ရက်နေ့က နေအိမ်ကို ပြန်မရောက်လာတဲ့အတွက် မိသားစုဝင်တွေက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ထားတာပါ။

ပျောက်ဆုံးသွားသူကို ၂၃ ရက်အကြာ မေ ၄ ရက်နေ့က ကော့သောင်းမြို့၊ အော်ကြီးကျေးရွာအဆင်းလမ်း ဆီအုန်းပင်ခြေရင်းမှာ အလောင်းအဖြစ်တွေ့ရှိခဲ့ပြီး ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူရဲ့ အလောင်းမှန်ကန်ကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

“သင်္ကြန်တွင်းမှာ လူကလည်း နည်းနည်းကျတော့ ဂိတ်မှာ ဦးဖစု ဝင်လာလိုက်၊ ကျနော်တို့ ထွက်သွားလိုက်နဲ့ ဖြစ်နေတော့ ကျနော်တို့သိတဲ့အချိန်က ညနေပိုင်းဖြစ်နေပြီ။ ကျနော်တို့ရှာတာက တနေရာ၊ ရှိတာက တနေရာဖြစ်နေတော့ ကြာသွားတာပါ” လို့ အတူအလုပ်လုပ်နေသူတဦးက ပြောပါတယ်။

အလောင်းကို ဆီအုန်းပင်အလုပ်သမားက တွေ့ရှိပြီး အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013