DVB Logo
Home
မြန်မာသတင်း
မီးငြှိမ်းသတ်ခဲ့သည့် မီးသတ်များနှင့်ရဲများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးမည်
DVB
·
May 5, 2018
မီးငြှိမ်းသတ်ခဲ့သည့် မီးသတ်များနှင့်ရဲများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးမည်
Donate to DVB

 

လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းတာကို ငြှိမ်းသတ်ရာမှာ ပါခဲ့တဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေး စစ်ဆေးတာတွေ လုပ်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

မနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ ဦးဖြိုးမင်းသိန်းက “မီးငြှိမ်းသတ်တာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ရင် ဆောင်ရွက်ပေးမယ်။ ဆေးစစ်မှု၊ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်စွက်ပေးချင်ပါတယ်။ လုပ်ငန်းခွင်မှာ ပါဝင်ခဲ့သူတွေကို အစာအာဟာရပေးမယ်။ ဒီ ၁၀ ရက်အတွင်းမှာ ဆေးစစ်ဆေးမှုကို လုပ်ပေးချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်ဖွဲ့ဝင်စာရင်းကို ပြုစုပေးပါ။ မီးသတ်ရော၊ ရဲတပ်ဖွဲ့ရော၊ မြို့တော်စည်ပင်သာယာဘက်ကရော၊ လိုအပ်တဲ့သူတွေအားလုံးကို ထည့်သွင်းပြီးတော့ စာရင်းပြုစုပေးပါ” လို့ ပြောပါတယ်။

လာမယ့် မေလလယ်လောက်မှာလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးမယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ မီးလောင်မှု ဖြစ်စဉ်အစ အဆုံးကို မီးငြှိမ်းသတ်ရာမှာ ပါတဲ့ စည်ပင်၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ဆည်မြောင်း စတဲ့ ဌာနတွေက မှတ်တမ်းတွေကို စုစည်းပြီး အကြံပြုချက်တွေပါတဲ့ စာအုပ်အဖြစ်ထုတ်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

အမှိုက်ပုံ မီးလောင်တာကို ၁၀ ရက်ကျော် ငြှိမ်းသတ်ခဲ့ရပြီး  ထိုင်းငံက ဝယ်ယူထားတဲ့ Bio Foam တချို့ ပိုလျှံနေတာကြောင့် မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ လိုအပ်ရင် အကူအညီ ပေးသွားမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013