DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်းရှိ ရေရှားပါးဒေသများကို ရဲတပ်ဖွဲ့ သောက်ရေလှူဒါန်း
DVB
·
May 5, 2018
မကွေးတိုင်းအတွင်းရှိ ရေရှားပါးဒေသများကို ရဲတပ်ဖွဲ့ သောက်ရေလှူဒါန်း
Donate to DVB

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှ ရေရှားပါးတဲ့ ဒေသခံပြည်သူတွေကို မေ ၅ ရက်နေ့ မနက်က တတိယကြိမ်မြောက် သောက်ရေတွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

“နွေရာသီ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရတဲ့ မြေပြင်သာ ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူတွေကို သောက်ရေလှူတာ ဒါနဲ့ဆို ၃ ကြိမ်မြောက်ရှိပြီဗျ။ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ယနေ့ ကျောက်ထရံကျေးရွာကို သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်တယ်။ ညကလည်း ၃ လောင်းပြိုင်လူသတ်မှုက တရားခံသွားဖမ်းတာ ကောင်းကောင်းအိပ်ရသေးဘူး။ ပြည်သူ့အကျိုးပြု လုပ်ငန်းကလည်း မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်လို့ ခုလိုလာလှူတာဖြစ်တယ်” လို့ မြို့သစ် မြို့မစခန်းမှူး ဒုရဲမှူး ဝင်းနိုင်က ပြောပါတယ်။

“ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၃ စီးနဲ့ ကျောက်ထရံကျေးရွာကို တစ်အိမ်ထောင် သောက်ရေဂါလန် ၅ ဂါလန်စီ လှူဒါန်းခဲ့တယ်။ ဒါနဲဆို သုံးကြိမ်ရှိပြီ မြေပြင်သာ ကျေးရွာအုပ်စုမှာ သောက်ရေဂါလန် စုစုပေါင်း ၅၂၀၀ လှူဒါန်းပြီးပြီ” လို့ ဆိုပါတယ်။

ကျောက်ထရံကျေးရွာဟာ မြို့သစ်မြို့နဲ့ ၁၅ မိုင်လောက်ကွာဝေးပြီး သောက်သုံးရေ အလွန်ရှားပါပြီး လူနေမှုဘဝ ဆင်းရဲနွမ်းပါတဲ့ ကျေးရွာတရွာဖြစ်ကာ အိမ်ခြေ ၁၂၀ နဲ့ လူဦးရေ ၅၀၀ လောက် နေထိုင်တယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013