DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား
DVB
·
May 5, 2018
မြို့သစ်မြို့နယ်တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား
Donate to DVB

 

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မကြီးထူးကျေးရွာမှာ မေလ ၄ ရက်နေ့ ည ၆ နာရီခွဲလောက်က ၃ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့ပြီး တရားခံကို ညတွင်းချင်းဖမ်းမိခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက ဇနီး၊ ယောက္ခမနဲ့ ဇနီးရဲ့ အမေတို့ကို သတ်ဖြတ်ခဲ့တာပါ။

မြိုသစ်မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်က “သတ်သူက ကျော်နိုင်ထွေး၊ အသက် ၃၀ နှစ်ဟာ ရွာထဲကနေ အိမ်ကိုပြန်ရောက်လာပြီး ပုခက်ထဲမှာ အိပ်ပျော်နေတဲ့ ၂ နှစ်အရွယ် သားကို နှိုးတယ်။ ကလေးနိုးလာတော့ ဇနီးဖြစ်သူ မရီရီချိုက ကလေးကို နို့တိုက်တယ်။ အဲဒီမှာ သားဖြစ်သူကို ခေါ်မရတဲ့အတွက် စိတ်ဆိုးဒေါသထွက်ပြီး လှေကားမှာ ထောင်ထားတဲ့ ဓားမ နဲ့ ဇနီးဖြစ်သူ မရီရီချိုကို ခုတ်တယ်။ တဝိုင်းတည်းနေ ယောက္ခမဖြစ်သူ ဒေါ်ချိုနွဲ့ဝင်းက ဝင်တားတော့ သူ့ကိုပါ ခုတ်တယ်။ ပြီးတော့ မရီရီချိုရဲ့ အဖွား ဒေါ်ခင်ပုနဲ့ အဒေါ် ဒေါ်မြင့်စန်း တို့ကိုထပ်ခုတ်တယ်။ ဦလေးဖြစ်တဲ့ ဦးရဲညွန့်ကိုတွေ့ပြီး ထပ်လိုက်ခုတ်တော့ လှည်းဒေါက်ခွနဲ့ ကာကွယ်ခဲ့လို့ ဓားကိုချပြီး ထွက်ပြေးတယ်” လို့ ပြောပါတယ်။

ဓားခုတ်ခံရတဲ့ မရီရီချို၊ ဒေါ်ချိုနွဲ့ဝင်း၊ ဒေါ်မြင့်စန်းတို့ဟာ ဒဏ်ရာတွေနဲ့ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ အဖွားဖြစ်သူ ဒေါ်ခင်ပုကိုတော့ မြို့သစ်ပြည်သူ့ဆေးရုံကို ပို့ထားတယ်လို့ စခန်းမှူးက ပြောပါတယ်။

“တရားခံ ထွက်ပြေးသွားပြီလို့ သတင်းထွက်တယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော်တို့က သူ့အိမ်ကိုသွားဝိုင်းတော့ ဖမ်းမိတယ်” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ကျော်နိုင်ထွေးကို မြို့သစ်မြို့မ ရဲစခန်းမှာ လူသတ်မှု၊ နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ နဲ့ အရေးယူဆောင်ရွက်နေပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013