DVB Logo
Home
မြန်မာသတင်း
ဖားကန့် မြေပြိုမှု နောက်ထပ် အလောင်း ၃ လောင်း ထပ်မံတွေ့ရှိ
DVB
·
May 4, 2018
ဖားကန့် မြေပြိုမှု နောက်ထပ် အလောင်း ၃ လောင်း ထပ်မံတွေ့ရှိ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု ဝှေခါရွာရှိ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်တခုမှာ ဒီကနေ့မနက်စောစောက စွန့်ပစ်မြေစာပုံပြိုကျပြီး မြေပိမိနေသတွေကို ရှာဖွေနေရာမှာ  ခုညနေပိုင်းက နောက်ထပ် အလောင်း ၃ လောင်းတူးဖော် တွေ့ရှိခဲ့ပါတယ်။

မြေစာပုံအောက် ပိနေသူတွေကို ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲကစ ဆက်လက်တူးဖော်ရာမှာ ညနေ ၃ နာရီ ခွဲလောက်ထိ အလောင်း ၃ လောင်း တွေ့ရှိတယ်လို့  တူးဖော်ရာမှာ ကူညီဆောင်ရွက်နေတဲ့ သင်္ခါလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“ညနေ ၂ နာရီ ၅၀ မိနစ်မှာ ၁ ယောက်တွေ့တယ်၊ ၃ နာရီ ၁၅ မှာ ၁ ယောက် ၊  ၃ နာရီ ၃၅ မိနစ်မှာ ၁ ယောက် အားလုံး ၃ ယောက်တွေ့တယ်၊ မြေစာတွေ ကော်ထုတ်ပစ်တာလည်း ကုန်သေ လာက်ရှိသွားပြီ။ ဒါပေမယ့် ကျနော်တို့ ညနေ ၅ နာရီထိ ဆက်တူးပါမယ်”

ဒီကနေ့ မနက်ကနေ ညနေထိ တိကျတဲ့ စာရင်းမှာ သေဆုံးသူ စုစုပေါင်း ၁၇ ဦး နဲ့ ဒဏ်ရာရသူ ၆ ဦးရှိကြောင်း၊ အရင်ဆုံး အလောင်းအဖြစ်တွေ့တာ ၁၁ ဦး၊ ဝေခါတိုက်နယ်ဆေးရုံမှာ သေဆုံးသူ ၁ ဦး၊ ဖားကန့်ဆေးရုံမှာ သေဆုံးသူ ၂ ဦး၊ ယနေ့ညနေပိုင်း အလောင်းအဖြစ် ထပ်မံတွေ့ရှိ ၃ ဦးတို့ ဖြစ်တယ်လို့  ဦးခင်မောင်က ထပ်မံအတည်ပြု ပြောသွားပါတယ်။

သူတို့တူးဖော်နေတဲ့ မြေစာဟာ ကုန်သလောက်ရှိပြီမို့  နောက်ထပ်ရှိဟန်မတူကြောင်း၊ ပျောက်ဆုံးသူ လူနာမည်စာရင်းတွေလည်း နောက်ထပ်လာပေးတာ မရှိဘူးလို့ ဦးခင်မောင်က ပြောသွားပါတယ်။

အစိုးရပြန်ကြားရေးကတော့ ဖားကန့်မြို့နယ် ဝှေခါ ကျေးရွာရှိ ကုမ္ပဏီ လုပ်ကွက်တစ်ခုမှာ မြေစာပုံ ပြိုကျခဲ့လို့ ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦး ရှာဖွေတွေ့ရှိထားတယ်လို့  သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013