DVB Logo
Home
မြန်မာသတင်း
မြေယာလျော်ကြေး မယူသည့် လက်ပံတောင်း ဒေသခံများ ဝမ်ပေါင်ကုမ္ပဏီရှေ့ ဆန္ဒပြ
DVB
·
May 4, 2018
မြေယာလျော်ကြေး မယူသည့် လက်ပံတောင်း ဒေသခံများ ဝမ်ပေါင်ကုမ္ပဏီရှေ့ ဆန္ဒပြ
1 / 4
Donate to DVB

လက်ပံတောင်းတောင် အစီရင်ခံစာပါအချက်တွေကို အကောင်အထည်ဖော်ဖို့အတွက်  မြေယာလျော်ကြေး မယူထားတဲ့ ဒေသခံတွေက ဝမ်ပေါင်ရုံး ဝင်ပေါက်ရှေ့မှာ ဒီကနေ့ညနေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသခံ ၁၀၀ လောက်က ပုသိမ်-မုံရွာလမ်း၊ ဝမ်ပေါင်ရုံးဝင်ပေါက်ရှေ့မှာ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီဆန္ဒပြပွဲကို ခွင့်ပြုချက်တင်ကာ ဥပဒေနဲ့အညီ ဆန္ဒပြခဲ့တာပါတယ်။

ဝမ်ပေါင်ရုံးဝင်ပေါက်ကိုတော့ ခွင့်ပြုချက်ထဲမှာမပါလို့ဆိုပြီး ဒေသခံတွေကို ဝင်ခွင့်မပေးဘဲ သံဆူးကြိုးကာထားကာ ရဲတပ်ဖွဲ့ဝင်တွေကလည်း တန်းစီစောင့်ပိတ်ခဲ့ပါတယ်။

ကုမ္ပဏီက အစားထိုးမြေယာ ၁၉၀၀ ဖော်ဆောင်တာဟာ ကော်မရှင်ရဲ့ အစီရင်ခံစာပါအတိုင်း မဟုတ်သလို ဒေသခံတွေတောင်းဆိုတဲ့အတိုင်းလည်း မဟုတ်လို့ဆိုပြီး ဆန္ဒပြတာ ဖြစ်ပါတယ်။

အစားထိုးမြေယာကို ဒေသခံတွေနဲ့ မိုင် ၃၀ ကျော်ဝေးတဲ့ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အတွင်း ဖော်ဆောင်တဲ့အတွက် ဒေသခံတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်လို့ဆိုပြီး ကန့်ကွက်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။

အစားထိုးမြေယာနဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေးစာရေးတွေကနေတဆင့် အသိပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အစားထိုးမြေယာကို ဒေသခံတွေတောင်းဆိုတဲ့အတိုင်း ဖော်ဆောင်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာပါအချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရေးအတွက် ရွာသားတွေက ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013