DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 4, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၃၆,၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၆၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၈၀၀ ကျပ်  ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနံက တအိတ်ကို ငွေကျပ် ၃၂,၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၃,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၉,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို  ၃,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၅၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀   ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို အနိမ့်ဆုံးဈေး ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဇီးကွက်က ၅၈.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၆၁,၀၀၀ ကနေ ၆၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၂,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်တအိတ်ကို ၁၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
ပြောင်းအဓိထွက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၁,၀၀၀ ကနေ ၃၃,၅၀၀ ကျပ် ရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၂,၄၀၀ ကျပ်ကနေ ၃၄,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၃၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၃၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
ကြက်သွန် အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၄၀၀ ကျပ်ကနေ ၅၅၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၃၆၅ ကျပ်ကနေ ၆၂၅ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၇၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013